ပဌာန်းကျမ်းမြတ် သုံးသပ်ဂုဏ်အစဉ်....
မေး…….
ကြောင်းကျိုးသွယ်နန်း ပဌာန်းဒေသနာ ဆင်ခြင်သုံးသပ် တို့မြတ်ရှင်မှာ
အံ့မခန်းပဲ ထူးဆန်းထွေလာ
ဘယ်သို့များ ဖြစ်ပွားပေါ်ပေါက်လာ
ဖြေ …………..
ကျမ်းကကျယ်ဝန်း ဥာဏ်စွမ်းကြည်စွာ
တိုးလို့တွန့်လူး ကွန့်မြူးနိုင်တာ
စိတ်ဓါတ်ကြည်နူး ရွှင်မြူးစုံစွာ
ကိုယ်တော်မှ ထွက်ကြွ ရောင်ခြောက်ဖြာ
ကြာညိုအဆင်း မျက်ဆင်းညိုသလို
ဣန္ဒသီလ မြသားစွမ်းစို
ညိုရာဌာန ကာယထိုထို
အညိုဓါတ် စိုဖက်ရပ်တိုင်းညို။
မဟာသေန စကားရွှေဝါ
ရွှေစင်ရွှေသား အလားပမာ
ကိုယ်ရည်ထက်မှ ပေါ်ထွက်ပြူလာ
ရောင်သီတ ပီတရွှမ်းရွှမ်းဖြာ
နှုတ်ခမ်းနီထွေး အသွေးမှာပင်
နှင်းဆီနီမြန်း ခေါင်ရမ်းအသွင်
ပတ္တမြားနီစွ အလှပေါ်တွင်
လောဟိတ နီလရောင်ခြည်ထင်
စပါယ်လွန်ဆန်း ဇွန်ပန်းအသွင်
စိန်ရတီသွေး ဖွေးဖွေးဖြူစင်
သွားတော်အစ ဖြူစရပ်ခွင်
သြဒါသ ထွက်ကြွလရောင်သွင်
ခန့်ချည်နီဆွေး အသွေးရောင်ဝါ
အနီနုစွ အလှတဖြာ
ထိုထိုကိုယ်မှ ထွက်ကြွပြူလာ
အလှဓါတ် ပဘဿရတ္တာ
မေး……..
ပဌာန်းကျမ်းမြတ် သုံးသပ်ဆင်ခြင်
သုံးပင်ထွဋ်ထား ဘုရားသခင်
ဘယ်ခါကာလ ဌာနနယ်တွင်
ဘယ်သူအား ပြောကြားနောင်ခါတွင်
ဖြေ……………..
ခုနှစ်ဝါမြောက် ဘုန်းတောက်အရှင်
လေးသီတသင်း ငြိမ်းအေးဖို့ပင်
သန္တာန်ကောင်းမှု မြင်ရသူပင်
များဦးခိုက် ယမိုက်တန်းခိုးထင်
ဒိဌိတစ်သင်း နှိမ်နှင်းအောင်မြင်
လောကထွဋ်ထား ဘုရားသခင်
တာဝတိံနန်း ကြွနန်းထက်ခွင်
နတ်ဖန်ဆင်းပြု ပဏ္ဍုကမ္ပလာတွင်
စကြာဝဠာပေါင်း တစ်သောင်းဝေဖြာ
ဆိုက်ရောက်လာငြား နတ်များဗြဟ္မာ
ဦးတင်သလို့ ဓမ္မကာမာ
မြတ်ဗုဒ္ဓ ရပ်က၀ိုင်းလို့လာ
မယ်တော်နတ်သား ရှင်းပြခြင်းငှါ
အဘိဓမ္မ နတ်လှဒေသနာ
ဟောဖေါ်ကြားတဲ့ ဘုရားမြတ်စွာ
ပဌာန်းလုံး ကျမ်းလုံးခုနှစ်ဖြာ
………………..
မေး……
မြန်ပြည်ပဌာန်း နက်ဝန်းဒေသနာ
ဘယ်သို့ဆင်းလှ ဓမ္မကထာ
နတ်ဗြဟ္မာအား ဟောကြားဝေဆာ
သည်အချက် မိန့်မြွက်ဖြေစမ်းပါ
ဖြေ……
ကြောင်းကျိုးသွယ်လျက် စပ်ဆက်ယှဉ်ကာ
ဖြစ်ကြောင်းမှန်သမျှ ပျက်ကြမကွာ
ဥာဏ်ဖြင့်စက္ခု ကျေးဇူးပြုကာ
ဖြစ်ပုံပြ ပဌာနဒေသနာ
မေး…….
အနန္တတရား မြင်ကဖြူစွာ
ပဌာန်းတရား နာကြားနတ်ဗြဟ္မာ
ဘယ်လိုမြင်မှ ထင်ရှားနိုင်စွာ
ဘယ်အသိ ရရှိဒေသနာ..
ဖြေ …………
အဟေတုက ဣဿရနိမ္မာ
အကိရိယ နတ္ထိကတဖြာ
အယူမှားလို့ ပယ်ရှားနိုင်စွာ
အဲဒါပဲ အစွဲပြုတ်တော့တာ
ရုပ်နာမ်အမျိုး ကြောင်းကျိုးသိလာ
ဒိဌိစင်ငြား ပယ်ရှားကင်္ခါ
ဥာဏ်အဆင့်ဆင့် မြင့်ထက်မြင့်ကာ
အရိယ မဂ္ဂ နိဗ္ဗာန်ရွာ
မေး …………….
ရွတ်ကြဖတ်ကြ ပဌာနဒေသနာ
နာကြားကြ ဓမ္မအခါ
ဘယ်သို့ကျိုးရ ဟောပြစမ်းပါ
သိသမျှ ဓမ္မအရှိန်ဝါ
ဖြေ ………..
စွမ်းအားကြီးလှ ဓမ္မရှိန်အ၀ါ
ရွတ်နာသူ၌ စိုက်ရောက်အလာ
ဘေးရန်ဝေးလို့ လွန်အေးချမ်းသာ
လာသမျှ ရကြမင်္ဂလာ
တရားလိုလား နတ်များဗြဟ္မာ
နာကြားရလို့ အားရရွှင်စွာ
ရွတ်နာသူအား လိုလားမေတ္တာ
စောင့်ရှောက်ကြ ဒိဌမင်္ဂလာ
ပဌာန်းတရား နာကြားသူတွေ
ဘေးရန်ဟူသမျှ ကင်းကြပါစေ
ကြံတိုင်းပေါက်လို့ဆောင်တိုင်းအောင်စေ
လိုသမျှ ကိစ္စပြီးနိုင်စေ
စည်းစိမ်ဆန်းလာဘ် လျှမ်းတက်ဝေဖြာ
ကြက်သရေတိုးလို့ မငြိုးတေဇာ
မပြတ်ပုည ကုသလခါခါ
ပြုစေကြောင်း အပေါင်းမိတ်သဟာ
ယခုကာလ ကမ္ဘာ့အထွေထွေ
ကပ်ဘေးဒဏ်များ ဆိုက်ရောက်ကာနေ
ပဌာန်းရွတ်လို့ ပျောက်ကြပါစေ
နတ်ဗြဟ္မာအများ စောင့်ရှောက်ပါစေ
ဒို့ဆုတောင်း စုပေါင်းမေတ္တာဝေ
ယခုကာလ ဒို့များသူငါ
ပဌာန်းအကျိုး သယ်ပိုးဆောင်ကာ
ပြုပြုသမျှ ကုသလခါခါ
ဝေနေယျ အမျှ ယူစေရာ
သာဓု သာဓု သာဓု
Showing posts with label ပဌာန်း. Show all posts
Showing posts with label ပဌာန်း. Show all posts
Wednesday, April 27, 2011
ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း
ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းရပါစေသား။
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကိုမျက်မှောက်ပြုရပါစေသား ။
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။
Credit to:http://holyscripts.blogspot.com/search/label/%E1%80%95%E1%80%8C%E1%80%AC%E1%80%94%E1%80%B9%E1%80%B8

Subscribe to:
Posts (Atom)