Showing posts with label ပရိတ်ကြီး ၁၁ သုတ်မြန်မာပြန်. Show all posts
Showing posts with label ပရိတ်ကြီး ၁၁ သုတ်မြန်မာပြန်. Show all posts

Tuesday, March 30, 2010

ပုဗ္ဗဏှသုတ်မြန်မာပြန်

ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိနသ မေန္တု။


၁)မကောင်းသောအတိတ်နိမိတ်များ
၂)ဌက်ဆိုးတို့၏ မြည်သံတွန်သံများ
၃)မကောင်းသော ဂြိုလ်စီးဂြိုလ်နင်းများ
၎)မကောင်းသောအိမ်မက်များ
ဘုရားတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ


ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ၀ိနာသ မေန္တု။

တရားတန်ခိုးတော်ကြောင့်ပျောက်ပျက်ကြပါစေ

ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ၀ိနာသ မေန္တု။

သံဃာတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။


ဒုက္ခရောက်နေသူများ ဒုက္ခကင်းကြပါစေ
ဘေးရန်တွေ့နေသူများ ဘေးရန်ကင်းကြပါစေ
သောကဖြစ်နေသူများ သောကကင်းကြပါစေ


ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေ၀ါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

အကျန်ုပ်တို့ ပြုလုပ်ဆည်းပူးအပ်သော ပြည့်စုံသော ကောင်းမှုကို လောကီ လောကုတ္တရာချမ်းသာရေးအတွက် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ သာဓုအနုမောဒနာ ခေါ်တော်မူကြပါ

ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေ၀တာ ဂတာ။


သဒ္ဒါတရားဖြင့် အလှူပေးတော်မူကြပါ ၊ သီလဆောက်တည်ကြပါ ၊ ကမ္မဌာန်းဘာဝနာပွားများတော်မူကြပါ ၊ ကြွရောက်လာကြသော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ ပြန်ကြွနိုင်ကြပါပြီ


သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


အလုံးစုံသော ဘုရား ပစ္စေကဗုဒ္ဒါ ရဟန္တာအရင်မြတ်တို့၏ တန်ခိုးတော်ဖြင့် အရပ်မျက်နှာတိုင်း အကာအကွယ် အရံအတားပြုလုပ်ထားပါသည်


ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေါ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လူ့ပြည်၊နဂါးပြည်၊ဂဌုန်ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်တို့၌ ရှိရှိသမျှရတနာတို့တွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လူ့ပြည်၊နဂါးပြည်၊ဂဌုန်ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်တို့၌ ရှိရှိသမျှရတနာတို့တွင် တရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လူ့ပြည်၊နဂါးပြည်၊ဂဌုန်ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်တို့၌ ရှိရှိသမျှရတနာတို့တွင် သံဃာရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


သတ္တ၀ါများ မင်္ဂလာအပေါင်းခညောင်းပါစေ
နတ်များကလည်းစောင့်ရှောက်ပါစေ
ဘုရားတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ


ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


သတ္တ၀ါများ မင်္ဂလာအပေါင်းခညောင်းပါစေ
နတ်များကလည်းစောင့်ရှောက်ပါစေ
တရားတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ


ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။

သတ္တ၀ါများ မင်္ဂလာအပေါင်းခညောင်းပါစေ
နတ်များကလည်းစောင့်ရှောက်ပါစေ
သံဃာတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ


မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။
ဧတေန သစ္စ၀ဇ္ဇန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

မဟာဂရုဏာရှင် ဘုရားရှင်သည် သတ္တ၀ါများကို ကယ်တင်ရန် ပါရမီဆယ်ပါးအပြားသုံးဆယ်ကို ဖြည့်ကျင့်တော်မူက ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ

ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။ ဧ၀မေ၀ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

မဟာဂရုဏာရှင် ဘုရားရှင်သည် မဟာဗောဓိပင်အောက် ပလ္လင်တော်ပေါ်၌ သီတင်းသုံးတော်မူနေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ သတ္တ၀ါများလဲ ဘေးရန်အပေါင်းကို အောင်ကြပါစေ ၊ တနေ့တခြား ဒီရေအလားကဲ့သို့ ကျက်သရေမင်္ဂလာများလဲ တိုးပွားကြပါစေ

အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ၀ိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။


မြတ်စွာဘုရားသည် အပရာဇိတပလ္လင်တော်ပေါ်၌ ဘုရားဖြစ်တော်မူ၍ ၀မ်းမြောက်တော်မူသကဲ့သို့ သတ္တ၀ါများလဲ လိုလားချက်ပန်းတိုင်ကို ဆိုက်ရောက်ကြ၍ ၀မ်းသာအားရကြည်နူးရွင်ပြနိုင်ကြပါစေ

သုနက္ခတ္ကံ သုမင်္ဂလံ၊ သပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

ကောင်းမြတ်သောအကျင့်ကိုကျင့်နေသူများအဖို့-
၁)အမြဲတမ်းနက္ခက်ကောင်းပါသည်
၂)အမြဲတမ်းကျက်သရေမင်္ဂလာရှိနေပါသည်
၃)အမြဲတမ်းကောင်းသောမိုးလင်းခြင်းရှိပါသည်
၎)အမြဲတမ်းကောင်းသောအိပ်ယာထခြင်းဖြစ်ပါသည်
၅)အမြဲတမ်းကောင်းသောအချိန်အခါဖြစ်ပါသည်
၆)အမြဲတမ်းကောင်းသောပူဇော်ဖြင်းဖြစ်ပါသည်


ပဒက္ခိဏံ ကာယကမ္မံ၊ ၀ါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

သတ္တ၀ါများ သန္တာန်မှာ ကာယကံကုသိုလ်၊ ၀စီကံကုသိုလ် ၊ မနောကံကုသိုလ်များ ဖြစ်ပွားကြပါစေ။ ၄င်းကုသိုလ်များပွားများအောင် ဆောက်တည်ကျင့်သုံးနိုင်ကြပါစေ

ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗဟိ ဉာတိဘိ။


သပ္ပုရိသနွယ်ဝင် သူတော်စင်များသည် ကာယကံ၊၀စီကံ၊မနောကံကုသိုလ်သုံးပါးကို ကြိုးစားအားလုပ်ကြသဖြင့် ကောင်းကျိုးချမ်းသာများကို ရရှိကြပါစေ၊ ဗုဒ္ဒမြတ်စွာသာသနာတော်တွင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ကာ သောတပန် ၊ သကဒါဂါမ် ၊ ရဟန္တာအထိ ဖြစ်တော်မူကြပါစေ ။ သပ္ပုရိသနွယ်ဝင် သူတော်စင်များသည် ဆွေမျိုးသားချင်းများနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ပုဗ္ဗဏှသုတ်မြန်မာပြန်ပြီး၏

Monday, March 29, 2010

ဗောဇ္ဈင်္ဂသုတ်မြန်မာပြန်

သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားသည် သံသရာခရီးသွား ဒုက္ခသည်များကို ဒုက္ခခပ်သိမ်းကင်းငြိမ်းစေနိုင်သည် ၊ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ဧကန်ဖျက်ဆီးနိုင်သည်

ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တ ကုတ္တမာ။ အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားကို သိရှိနားလည်ပါက ဘ၀သုံးပါးမှ လွတ်မြောက်နိုင်ပါသည် ။ မြတ်သော အရိယာပုဂ္ဂိုလ်များ ဖြစ်နိုင်ပါသည် ။ ပဋိသန္ဒေမနေ မအို မနာ မသေရာ နိဗ္ဗာန်ကို ရောက်နိုင်ပါသည်

ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

အို-သူတော်ကောင်းအပေါင်းတို့
အထက်ပါ ဂုဏ်ထူးဝိသေသ စသည်များနှင့်ပြည့်စုံသော နတ်ဆေးဝါး၊ နတ်မန္တရားကဲ့သို့ အစွမ်းထက်သော ဗောဇ္စုင်သုတ်ပရိတ်တော်ကို ပေါင်းစုညီညာစွာ ရွတ်ဆိုကြပါကုန်စို့


ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။ ၀ီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။

၁)သတိသမ္ဗောဇ္စုင်
၂)ဓမ္မ၀ိစယသမ္ဗောဇ္စုင်
၃)၀ီရိယသမ္ဗောဇ္စုင်
၎)ပီတိသမ္ဗောဇ္စုင်
၅)ပသာဒ္ဒိသမ္ဗောဇ္စုင်



သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၆)သမာဓိသမ္ဗောဇ္စုင်
၇)ဥပေက္ခာသမ္ဗောဇ္စုင်
ဆိုသော ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားကို မြတ်စွာဘုရားဟောကြားတော်မူခဲ့သည် ။ ထို ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားကို အဖန်ဖန်လေ့လာပွားများပါက

သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနယ စ ဗောဓိယာ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁)အဘိညာဉ်ခြောက်ပါးလဲ ရရှိနိုင်ပါသည်
၂)နိဗ္ဗာန်ကိုလဲ ရရှိနိုင်ပါသည်
၃)အရဟတ္တမဂ်ကိုလဲ ရရှိနိုင်ပါသည်
ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။


ရှင်မောဂ္ဂလ္လာန်နှင့် ရှင်မဟာကသပ မထေရ်မြတ်နှစ်ပါး မကျန်းမမာ ဖြစ်တော်မူရာ ဗောဇ္ဈင်္ဂသုတ်ကို မြတ်စွာဘုရား ရွတ်ဆိုတော်မူသည်

တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ထိုအခါမထေရ်မြတ်နှစ်ပါး ချက်ချင်းကျန်းမာတော်မူကြပါသည် ၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ

ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘ ဘိ ပီဠိတော။ စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

တနေ့သောအခါတွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး မကျန်းမမာဖြစ်တော်မူရာ ဗောဇ္ဈင်္ဂသုတ်ကို စုန္ဒမထေရ် ရွတ်ဆိုတော်မူပါသည်

သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။ ဧတေန သစ္စ ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

မြတ်စွာဘုရား ၀မ်းမြောက်တော်မူပြီး ချက်ချင်းကျန်းမာတော်မူသည် ၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ

ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဘုရားရှင်၊ ရှင်မောဂ္ဂလ္လာန်မထေရ် ၊ ရှင်မဟာကသပ မထေရ် ပုဂ္ဂိုလ်မြတ်ကြီးသုံးပါး ရောဂါအားလုံး ကင်းရှင်းတော်မူကြသည် ၊ နောက်ထပ်လဲ ရောဂါဘယများ ဖြစ်တော်မမူကြပါ၊ မဂ်ဖြင့် ကိလေသာကိုပယ်သကဲ့သလို့ ဗောဇ္ဈင်္ဂသုတ်ဖြင့် ရောဂါအားလုံးကို ပယ်နိုင်သည်၊ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ဗောဇ္ဈင်္ဂသုတ်မြန်မာပြန်ပြီး၏

Friday, March 26, 2010

အင်္ဂုလိမာလသုတ်မြန်မာပြန်

ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။ ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။

အင်္ဂုလိမာလသုတ်ပရိတ်တော်ကို ရွတ်ဆိုသူ၏ နေထိုင်ရာဌာနကိုဆေးကြောသော ရေသည်ပင် ဘေးရန်ခပ်သိမ်းတို့ကို ကင်းငြိမ်းစေနိုင်သည်



သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။


အို-သူတော်ကောင်းအပေါင်းတို့
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေနိုင်သော
ချမ်းသာလွယ်ကူစွာ မီးဖွားစေနိုင်သော
ကမ္ဘာဆုံးသည်တိုင်အောင် တန်ခိုးကြီးသော
အင်္ဂုလိမာလသုတ်တော်ကို စုပေါင်းညီညာစွာရွတ်ဆိုကြပါကုန်စို့


ယတော ဟံ ဘဂိနိ အရိယာယ၊ ဇာတိယာ ဇာတော၊ နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။


အို-နှမငါသည် အရိယာဖြစ်ပီးချိန်မှစ ယခုအထိ သူတစ်ပါးအသက်ကို လုံးဝမသတ်ဖူးပါ၊ ဤမှန်သောသစ္စာစကားကြောင့် သင်ချမ်းသာပါစေ ၊ ၀မ်းထဲက ကလေးငယ်လဲချမ်းသာပါစေ


အင်္ဂုလိမာလသုတ်မြန်မာပြန်ပြီး၏

Wednesday, March 24, 2010

အာဋာနာဋိယသုတ်မြန်မာပြန်

အပ္ပသန္နေသိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ အမနုေဿဟိ စဏ္ဍေဟိ၊ သဒါ ကိဗ္ဗိသ ကာရိဘိ။


အို-သူတော်ကောင်းအပေါင်းတို့
မြတ်စွာဘုရား သာသနာတော်ကြီးကို မကြည်ညိုမလေးစားကြသော အမြဲတမ်းကြမ်းကြုတ်ရက်စက်တတ်ကြသော နတ်ဘီလူး နတ်မိစ္ဆာများက



ပရိသာနံ စတဿန္နံ၊ အဟိံ သာယ စ ဂုတ္တိယာ။ ယံ ဒေသေသိ မဟာဝီရော၊ ပရိတ္တံ တံ ဘဏာမ ဟေ။


ပရိတ်သတ်လေးပါး သူတော်ကောင်းများကို မညှဉ်းပန်း မနှိပ်စက်ရန်နှင့် ကြည့်ရှုစောင့်ရှောက်ကြရန် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော အာဋာနာဋိယသုတ်တော်ကို ပေါင်းစုညီညာ ရွတ်ဆိုကြပါကုန်စို့


ဝိပဿိဿ စ နမတ္ထု၊ စက္ခုမန္တဿ သိရီမတော။ သိခိဿပိ စ နမတ္ထု၊ သဗ္ဗဘူတာ နုကမ္ပိနော။


၁)စက္ခုငါးပါးသခင် ၊ ဘုန်းကျက်သရေရှင် ၀ိပသီဘုရားရှင်ကို တပည့်တော် ရှိခိုးပါ၏ မြတ်စွာဘုရား
၂)သတ္တ၀ါများကို စောင့်ရှောက်သော သိခီဘုရားရှင်ကို တပည့်တော် ရှိခိုးပါ၏ မြတ်စွာဘုရား


ဝေဿဘုဿ စ နမတ္ထု၊ နှာတကဿ တပဿိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော။


၃)ကိလေသာအားလုံးကို ဆေးကြောသုတ်သင်ပီးသော အကျင့်မြတ်သခင် သေသာဘူဘုရားရှင်ကို တပည့်တော်ရှိခိုးပါ၏ မြတ်စွာဘုရား
၎)မာရ်စစ်သည်များကို အောင်မြင်တော်မူပြီးသော ကကုသန်ဘုရားရှင်ကို တပည့်တော်ရှိခိုးပါ၏ မြတ်စွာဘုရား


ကောဏာဂမနဿ နမတ္ထု။ ဗြာဟ္မဏဿ ၀ုသီမတော။ ကဿပဿ စနမတ္ထု၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။

၅)မကောင်းမှုပယ်ခွာ ၀သီတော်ငါးဖြာနှင့် ပြည့်စုံတော်မူသော ကောဏာဂုံဘုရားရှင်ကို တပည့်တော် ရှိခိုးပါ၏ မြတ်စွာဘုရား
၆)ကိလေသာအားလုံး ချုပ်ဆုံးတော်မူသော ကသာပဘုရားရှင်ကို တပည့်တော် ရှိခိုးပါ၏ မြတ်စွာဘုရား


အင်္ဂီရသဿ နမတ္ထု၊ သကျပုတ္တဿ သိရီမတော။ ယော ဣမံ ဓမ္မံ ဒေသေသိ၊ သဗ္ဗဒုက္ခာပနူဒနံ။


၇)ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ် သပ္ပာယ်တော်မူသော ဆင်းရဲဒုက္ခအ၀၀ကို မုချချုပ်ငြိမ်းစေနိုင်သော အာဋာနာဋိယသုတ်ကို ဟော်ပြပေးတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရှိခိုးပါ၏ မြတ်စွာဘုရား

ယေ စာပိ နိဗ္ဗုတာ လောကေ၊ ယထာဘူတံ ၀ိပဿိသုံ။ တေ ဇနာ အပိသုဏာ ထ၊ မဟန္တာ ၀ီတသာရဒါ။


ကိလေသာမီးငြိမ်းအေးပီးသော ရဟန္တာအရှင်မြတ်များသည် သစ္စာလေးပါးတရားကို သိမြင်တော်မူကြကုန်၏ ကုံးချောစကားပြောကြားရိုး မရှိကြကုန် ကြောက်ရွံ့ ခြင်း ရှိတော်မမူကြကုန်

ဟိတံ ဒေ၀နုဿာနံ၊ ယံ နမဿန္တိ ဂေါတမံ။ ၀ိဇ္ဇာစရဏသမ္ပန္နံ၊ မဟန္တံ ၀ီတသာရဒံ။


နတ် လူ ဗြဟ္မာ သတ္တ၀ါတို့ အကျိုးကို ဆောင်တော်မူတတ်သော ၀ိဇ္ဖာသုံးပါး ၀ိဇ္ဖာရှစ်ပါး စရဏ ၁၅ ပါးနှင့် ပြည့်စုံတော်မူသော ကြောက်ရွံ့  ထိတ်လန့်ခြင်းကင်းတော်မူသော ဂေါတမမြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးတော်မူကြကုန်၏ ၊ ထို ရဟန္တာအရှင်မြတ်များကို တပည့်တော် ရှိခိုးပါ၏


ဧတေ စညေ စ သမ္ဗုဒ္ဓေါ၊ အနေကသတသောဋိယော။ သဗ္ဗေ ဗုဒ္ဓေါ သမသမာ၊ သဗ္ဗေ ဗုဒ္ဓေါ မဟိဒ္ဓိကာ။

ဝိပသီအစရှိသော ခုနှစ်ဆူသော ဘုရားရှင်များနှင့် အခြားကုဋေပေါင်းများစွာသော ဘုရားရှင်များသည်
၁)ဂုဏ်ရည်တူဖြစ်တော်မူကြကုန်၏
၂)အလွန်တန်ခိုးကြီးတော်မူကြကုန်၏



သဗ္ဗေ ဒသဗလူပေတာ၊ ဝေသာရဇ္ဇေဟု ပါဂတာ။ သဗ္ဗေ တေ ပဋိအာနန္တိ၊ အာသဘံ ဌာန မုတ္တမံ။


်၃)ကာယအားဆယ်ပါး ညဏအားဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်၏
၎) စတုဝေသာရဇ္ဖညဏ်နှင့် ပြည့်စုံတော်မူကြကုန်၏
၅)သဗ္ဗညုတ ညဏ်နှင့်ပြည့်စုံတော်မူကြကုန်၏



သီဟနာဒံ နဒန္တေ တေ၊ ပရိသာသု ၀ိသာရဒါ။ ဗြာဟ္မစက္ကံ ပ၀တ္တန္တိ၊ လောကေ အပ္ပဋိဝတ္တိယံ။




၆)ပရိတ်သတ်လေးပါးအလယ်၌ ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ကြောက်ရွံ့ ခြင်း ကင်းတော်မူကြ၏
၇)ဓမ္မစကြာတရားကို ဟောကြားတော်မူကြ၏



ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊ အဋ္ဌာရသဟိ နာယကာ။ ဗာတ္တိံသ လက္ခဏူပေတာ၊ သီတာနုဗျဉ္ဇနာ ဓရာ။


၈)တစ်ဆယ့်ရှစ်ပါးသော ဘုရားဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူကြကုန်၏
၉)လက္ခဏာတော်ကြီး ၃၂ ပါး
၁၀)လက္ခဏာတော်ငယ် ၈၀ တို့ဖြင့် ပြည့်စုံတော်မူကြကုန်ပေ၏


ဗျာမပ္ပဘာယ သုပ္ပဘာ၊ သဗ္ဗေ တေ မုနိကုဉ္ဇရာ။ ဗုဒ္ဓေါ သဗ္ဗညုနော ဧတေ၊ သဗ္ဗေ ခီဏာသ၀ါ ဇိနာ။


၁၁)တစ်လျှံလောက်မျှသော ရောင်ခြည်တော်တန်ခိုးရှိတော်မူကြကုန်၏
၁၂)မုနိငါးပါးတို့ထက် မြတ်တော်မူကြကုန်၏
၁၃)တရားအားလုံးကို သိတော်မူကြကုန်၏
၁၄)ကိလေသာအာသဝေါကင်းတော်မူကြကုန်၏


မဟာပဘာ မဟာတေဇာ၊ မဟာပညာ မဟဗ္ဗလာ။ မဟာကာရုဏိကာ ဓီရာ၊ သဗ္ဗေသာနံ သုခါဝဟာ။

၁၅)ရောင်ခြည်တော်အနန္တ
၁၆)တန်ခိုးတော်အနန္တ
၁၇)ညဏ်တော်အနန္တ
၁၈)အားတော်အနန္တ
၁၉)ကရုဏာတော်အနန္တ
၂၀)သတ္တ၀ါအနန္တတို့၏ အကျိုးစီးပွားကို ဆောင်တော်မူကြကုန်၏



ဒီပါ နာထာ ပတိဋ္ဌာ စ၊ တာဏာ လေဏာ စ ပဏိနံ။ ဂတီ ဗန္ဓူ မဟေဿာသာ၊ သရဏာ စ ဟိတေသိနော


၂၁)သတ္တ၀ါတို့၏ မှီခိုရာ ကျွှန်းကြီးနှင့်တူတော်မူ၏
၂၂)သတ္တ၀ါတို့၏ မှီခိုရာ ဖြစ်တော်မူကြကုန်၏
၂၃)သတ္တ၀ါတို့၏ တည်ရာဖြစ်တော်မူကြကုန်၏
၂၄)သတ္တ၀ါတို့ကို စောင့်ရှောက်တော်မူကြကုန်၏
၂၅)သတ္တ၀ါတို့၏ လဲလျောင်းရာ ဖြစ်တော်မူကြကုန်၏
၂၆)သတ္တ၀ါတို့၏ မှီဝဲဆည်းကပ်ရာ ဖြစ်တော်မူကြကုန်၏
၂၇)သတ္တ၀ါတို့၏ ဆွေမျိုးများ ဖြစ်တော်မူကြကုန်၏
၂၈)ဗိသဏိုး ၊ သိကြား ၊ ဗြဟ္မာ တို့ကဲ့သို့ သတ္တ၀ါတို့၏ အကျိုးကို တိုးပွားစေတော်မူကြကုန်၏
၂၉)သတ္တ၀ါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူကြကုန်၏
၃၀)သတ္တ၀ါတို့၏ အကျိုးကိုလိုလားတောင့်တတော်မူကြကုန်၏



သဒေ၀ကဿ လောကဿ၊ သဗ္ဗေ ဧတေ ပရာယဏာ။ တေသာ ဟံ သိရသာ ပါဒေ၊ ၀န္ဒာမိ ပုရိသုတ္တမေ။

လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဘုရားရှင်တို့၏ ခြေတော်ကို တပည့်တော်ဦးခေါင်းဖြင့် ရှိခိုးပါ၏ မြတ်စွာဘုရား


ဝစသာ မနသာ စေ၀၊ ၀န္ဒာမေ တေ တထာဂတေ။ သယနေ အာသနေ ဌာနေ၊ ဂမနေ စာပိ သဗ္ဗဒါ။


ထိုမြတ်စွာဘရားတို့ကို အိပ်နေစဉ် ၊ ထိုင်နေစဉ် ၊ ရပ်နေစဉ် ၊ သွားနေစဉ် အမြဲတမ်း ကာယကံ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် တပည့်တော် ရှိခိုးပါ၏ မြတ်စွာဘုရား



သဒါ သုခေန ရက္ကန္တု၊ ဗုဒ္ဓါ သန္တိကရာ တုဝံ။ တေဟိ တွံ ရက္ခိတော သန္တော။ မုတ္တော သဗ္ဗဘယေဟိ စ။


သင့်ကိုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးက စောင့်ရှောက်တော်မူကြပါစေ ထိုဘုရားရှင်၏ အစောင့်အရှောက်ရှိသော သင့်မှာ


သဗ္ဗရောဂါ ၀ိနီမုတ္တော၊ သဗ္ဗသန္တာပ ၀ဇ္ဇိတော။ သဗ္ဗဝေရ မတိက္ကန္တော၊ နိဗ္ဗုတော စ တုဝံ ဘ၀။

၁)ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ
၂)ရောဂါခပ်သိမ်းကင်းငြိမ်းပါစေ
၃)သောကခပ်သိမ်းကင်းငြိမ်းပါစေ
၎)ရန်ခပ်သိမ်းကင်းငြိမ်းပါစေ
၅)ကြောင့်ကြခပ်သိမ်းကင်းငြိမ်းပါစေ
၆)ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေ


တေသံ သစ္စေန သီလေန၊ ခန္တိမေတ္တာ ဗလေန စ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တပည့်တော်တို့အား ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာအောင် စောင့်ရှောက်တော်မူကြပါစေ

ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊ သန္တိ ဘူတာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။


မြင်းမိုရ်တောင်၏ အရှေ့ဘက်မျက်နှာတွင် နေထိုင်သော ဂန္ဒဗ္ဗနတ်များကလည်း ကျွှန်ုပ်တို့အား ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာအောင် စောင့်ရှောက်တော်မူကြပါစေ


ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊ သန္တိ ဒေ၀ါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

မြင်းမိုရ်တောင်၏ တောင်ဘက်မျက်နှာတွင် နေထိုင်သော ကုမ္ဘဏ်နတ်များကလည်း ကျွှန်ုပ်တို့အား ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာအောင် စောင့်ရှောက်တော်မူကြပါစေ

ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊ သန္တိ နာဂါ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။



မြင်းမိုရ်တောင်၏ အနောက်ဘက်မျက်နှာတွင် နေထိုင်သော နဂါးမင်းများကလည်း ကျွှန်ုပ်တို့အား ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာအောင် စောင့်ရှောက်တော်မူကြပါစေ


ဥတ္တရသ္မိံ ဒိသာဘာဂေ၊ သန္တိ ယက္ခာ မဟိဒ္ဓိကာ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။


မြင်းမိုရ်တောင်၏ မြောက်ဘက်မျက်နှာတွင် နေထိုင်သော ဘီလူးမင်းများကလည်း ကျွှန်ုပ်တို့အား ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာအောင် စောင့်ရှောက်တော်မူကြပါစေ


ပုရတ္ထိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ၀ိရူဠှကော။ ပစ္ဆိမေန ၀ိရူပက္ခော၊
ကုဝေရော ဥတ္တရံ ဒိသံ။

မြင်းမိုရ်တောင်၏ အရှေ့ ဘက်နေ ဓတရဌနတ်မင်းကြီး
မြင်းမိုရ်တောင်၏ တောင်ဘက်နေ ၀ိရူဌကနတ်မင်းကြီး
မြင်းမိုရ်တောင်၏ အနောက်ဘက်နေ ၀ိရူပက္ခနတ်မင်းကြီး
မြင်းမိုရ်တောင်၏ မြောက်ဘက်နေ ကုဝေရနတ်မင်းကြီး

စတ္တောရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။

အခြံအရံများစွာရှိကြသော အထက်ပါ လောကပါလနတ်မင်းကြီးလေးပါးတို့ကလည်း စောင့်ရှောက်ကြပါစေ

စတ္တောရော တေ မဟာရာဇာ၊ လောကပါလာ ယသဿိနော။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။



တန်ခိုးကြီးသော ဘုမ္မစိုး အာကာသစိုးနတ်များကလည်း စောင့်ရှောက်တော်မူကြပါစေ


ဣဒ္ဓိမန္တော စ ယေ ဒေ၀ါ၊ ၀သန္တာ ဣဓ သာသနေ။ တေပိ အမှေ နုရက္ခန္တု၊ အရောဂေန သုခေန စ။


တန်ခိုးကြီးသော သာသနာတော်စောင့်နတ်များကလဲ စောင့်ရှောက်တော်မူကြပါစေ


သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘ၀။

သတ္တ၀ါများ-

ဘေးရန်ခမ်သိမ်း ကင်းငြိမ်းကြပါစေ
ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ
သောကခပ်သိမ်း ကင်းငြိမ်းကြပါစေ
ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ
အန္တရယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ
အခက်မသီဘဲ အသက်ရှည်ကြပါစေ



အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

ရတနာသုံးပါး ကို အမြဲရှိခိုးသော သူများနှင့် အသက်ကြီးသူ ဂုဏ်ကြီးသူများကို အမြဲရိုသေလေးစားသောသူများမှာ
၁)အသက်ရှည်ခြင်း
၂)အဆင်းလှခြင်း
၃)ချမ်းသာကြီးခြင်း
၎)ခွန်အားကြီးခြင်း
ဆိုသော အကျိုးထူးတရားလေးပါးတို့ကို တနေ့တခြား တိုးပွားရရှိကြမည်ဖြစ်ပါသည်



အာဋာနာဋိယသုတ်မြန်မာပြန်ပြီး၏

Tuesday, March 23, 2010

ဓဇဂ္ဂသုတ်မြန်မာပြန်

ယဿာ နုဿရဏေနာပိ၊ အန္တ လိက္ခေပိ ပါဏိနော။ ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ၀ိယ သဗ္ဗထာ၊

ဓဇဂ္ဂသုတ်ပရိတ်တော်ကို ရွတ်ဆိုနာယူခြင်းမဟုတ်ဘဲ အောက်မေ့ရုံသတိရရုံမျှဖြင့် သတ္တ၀ါများ မြေကြီးပေါ်မှာ တည်နေနိုင်သလို ကောင်းကင်ပြင်မှလဲ တည်နေနိုင်ခဲ့ဖူးပါသည်

သဗ္ဗုပဒ္ဒ၀ဇာလမှာ၊ ယက္ခစောရာဒိသမ္ဘ၀ါ။ ဂဏာနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။



အို-သူတော်ကောင်းအပေါင်းတို့ ဘီလူးသူခိုး- အစရှိသော မကောင်းဆိုးဝါးတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ မရေမတွက်နိုင်အောင် များပြားသောသတ္တ၀ါများကို ကယ်တင်နိုင်ခဲ့ပီးဖြစ်သော ဓဇဂ္ဂသုတ်ပရိတ်တော်ကို ညီညာရွတ်ဆိုကြပါကုန်စို့ ။


ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ။ ၀ိဟရတိ ဇေတ၀နေ၊ အနာထ ပိဏ္ဍိကဿ အာရာမေ။

အရှင်မဟာကသာပဘုရား ၊ တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဤကဲ့သို့ နာယူခဲ့ရပါသည် ။ မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေးလှူဒါန်းသော ဇေတ၀န်ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ်

တတြ ခေါ ဘဂ၀ါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒန္တေ တိ တေ ဘိက္ခု -ဘဂ၀တော ပစ္စေဿာသုံ။
ဘဂ၀ါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေ၀ါသုရသင်္ဂါမော၊ သမုပဗျူဠော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေ၀ါနမိန္ဒော။ ဒေဝေ တာဝတိံ သေ အာမန္တေသိ၊ သစေ မာရိသာ ဒေ၀ါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ
ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ လောမဟံသောဝါ၊ မမေ၀ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေ ယျာထ။ မ မံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။

ရဟန်းတော်များကို ရဟန်းများလို့ ခေါ်တော်မူပါတယ် ၊ အရှင်ဘုရားလို့ ရဟန်တော်များက ထူးတော်မူကြပါသည်၊ မြတ်စွာဘုရား အမိန့်ရှိတော်မူသည်မှာ
"ရဟန်းတို့ ရှေးတုန်းက တာဝတိံသာနတ်များနဲ့ အသုရာနတ်များ စစ်တိုက်ခဲ့ဖူးကြတယ် အဲတုန်းက သိကြားမင်းက တာဝတိံသာနတ်များကို ခေါ်ပီး ဒီလိုပြောဆိုခဲ့တယ် အို- နတ်များတို့ ဒီတိုက်ပွဲမှာ ကြောက်ရွံ့ ထိတ်လန့်တုန်လှုပ်နေကြရင်
၁)ငါကိုင်ထားတဲ့ အလံကို လှမ်းကြည့်ပါ ၊ငါမကျဆုံးသေးဘဲ အောင်လံတ၀င့်ဝင့်နဲ့ တိုက်ပွဲဝင်နေတာတွေ့ရရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မယ် ။


နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေ၀ရာဇဿ- ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ပဇာပတိဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။


၂)သို့မဟုတ် ငါ့နောက်က ပဇာပတိနတ်မင်းကြီးကိုင်ထားတဲ့အလံကို လှမ်းကြည့်ကြပါ ၊အလံကိုတွေ့ရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မည်။

နော စေ ပဇာပတိဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဂရုဏဿ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ၀ရုဏဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လော ကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။

၃) သို့မဟုတ် ပဇာပတိနတ်မင်းကြီးနောက်က ၀ရုဏနတ်မင်းကြီးကိုင်ထားတဲ့ အလံကိုလှမ်းကြည့်ကြပါ ၊ ၊အလံကိုတွေ့ရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မည်။

နော စေ ၀ရုဏဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေ၀ရာဇဿ။ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတီ တိ။

သို့မဟုတ် ၀ရုဏနတ်မင်းကြီးနောက်က ဤသာနနတ်မင်းကြီးကိုင်ထားတဲ့ အလံကိုလှမ်းကြည့်ကြပါ ၊ ၊အလံကိုတွေ့ရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မည်။

တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ၀ါ ဒေ၀ါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ၀ါ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ၀ရုဏဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ၀ါ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။


ရဟန်းတို့ သိကြမင်း ပဇာပတိနတ်မင်း ဤသာန နတ်မင်းများရဲ့  အလံကိုတွေ့ရပေမယ့်လဲ နတ်များမှာ ကြောက်ရွံ့ မှုပျောက်ချင်မှ ပျောက်မယ် မပျောက်ချင်လဲ နေမှာပဲ။


တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေ၀ါနမိန္ဒော၊ အ ၀ီတရာဂေါ အ ၀ီတဒေါသော၊ အ ၀ီတ မောဟော၊
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။


ဘာကြောင့်တိုတော့ ခေါင်းဆောင်သိကြားမင်းကိုယ်တိုင်က ရာဂ ဒေါသ မောဟ မကင်းသေးလေတော့ ကြောက်တတ်တယ် လန့်တတ်တယ် ကြောက်ပီးထွက်ပြေးတတ်တယ်မို့လား


အဟဉ္စ ခေါ ဘိက္ခဝေ ဧ၀ံ ၀ဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရညဂတာနံ ၀ါရိက္ခမူလဂတာနံ ၀ါ၊ သုညာဂါရဂတာနံ ၀ါ၊ ဥပ္ပဇ္ဇေယျ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ မမေ၀ တသ္မိံ သမယေ အနုဿရေယျာထ။


ဘုရားကတော့ ဒီလိုဟောပါတယ် ၊ ရဟန်းတို့ တောထဲသစ်ပင်ပင်ရင်း ၀ါးတစ်ပင်အောက် ဆိတ်ငြိမ်ရာဌာနာမှာ ကြောက်ရွံ့  ထိတ်လန့်နေကြရင်-


ဣတိပိသော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော လောက၀ိဒူ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေ၀မနုဿာနံ။ ဗုဒ္ဓေါ ဘဂ၀ါ တိ။
မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊
သော ပဟီယိဿတိ။


ဘုရားရဲ့ ဂုဏ်တော်ကိုးပါးကို အဖန်ဖန်အောက်မေ့ပြီး နေကြပါ ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း ပျောက်ကင်းသွားကြပါလိမ့်မယ်


နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿ ရေယျာထ၊
သွက္ခာတော ဘဂ၀တာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော၊ ဧဟိပဿိကော သြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ တိ။
ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊
သော ပဟီယိဿတိ။



ဒါမှမဟုတ်လဲ တရားဂုဏ်တော် ခြောက်ပါးကို အကြိမ်ကြိမ် အောက်မေ့ပါ ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း ပျောက်ကင်းသွားကြပါလိမ့်မယ်


နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။
သုပ္ပဋိပန္နော ဘဂ၀ါတော သာဝက သံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝသံ သံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္စလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ တိ။
သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊
သော ပဟီယိဿတိ။


ဒါမှမဟုတ်ရင်လဲ သဃာ့ဂုဏ်တော်ကိုးပါးကို အကြိမ်ကြိမ်သတိရကြပါ ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း ပျောက်ကင်းသွားကြပါလိမ့်မယ်။


တံ ကိဿဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။ အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊ ၀ီတရာဂေါ ၀ီတဒေါတော ၀ီတမောဟော၊ အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။


အဘယ်ကြောင့်ဆိုသော် ငါဘုရားသည် ရာဂ ဒေါသ မောဟ ကင်းပြီးဖြစ်လို့ ကြောက်ရွံ့ မှု ထိတ်လန့်မှု ကြောက်ပီးထွက်ပြေးမှုများ ငါဘုရားမှာ မဖြစ်နိုင်တော့ဘူး

ဣဒ မဝေါစ ဘဂ၀ါ၊ ဣဒံ ၀တွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။

ဤသို့မြတ်စွာဘုရား အကျယ်မိန့်တော်မူပြီးခဲ့နောက် အကျဉ်းချုပ်ထပ်မံမိန့်တော်မူသည်မှာ

အရညေ ရုက္ခမူလေ ၀ါ၊ သုညာဂါရေ၀ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။

ရဟန်းတို့ သစ်တစ်ပင် ၀ါးတစ်ပင်အောက် ဆိတ်ငြိမ်ရာအရပ်မှာနေရင် ဗုဒ္ဒါနုသာတိ ကမ္မဌာန်းပွားများပါက ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပါ

နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊

သို့မဟုတ် ဓမ္မာနုသာတိ ကမ္မဌာန်းပွားများပါက ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပါ

နော စေ ဒမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ။ ပုညက္ခတ္တံ အနုတ္တရံ။

သို့မဟုတ် သံဃာနုသာတိ ကမ္မဌာန်းပွားများပါက ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပါ

ဧ၀ံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ၀ါဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော န ဟေဿတိ။

ဆိုခဲ့သည့်အတိုင်း ဗုဒ္ဒါနုသတိ ၊ ဓမ္မာနုသတိ ၊ သံဃာနုသတိ ကမ္မဌာန်းများကို ပွားများအားထုပ်ကြပါက ကြောက်ရွံ့  ခြင်း ၊ ကြက်သီးမွေးညင်းထခြင်း မဖြစ်နိုင်ပါ


ဓဇဂ္ဂသုတ်မြန်မာပြန်

Monday, March 22, 2010

ဝဋ္ဋသုတ်မြန်မာပြန်

ပုရေန္တံ ဘောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။

အို-သူတော်ကောင်းအပေါင်းတို့
ဘုရားလောင်း ငုံးမင်းကလေးအား တောမီးဘေးမှအပြီးတိုင်ကယ်တင်နိုင်စွမ်းရှိသော



ထေရဿ သာရိပုတ္တဿ၊ လောကနာထေနိ ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။


အရှင်သာရိပုတ္တရာမထေရ်မြတ်အား မြတ်စွာဘုရားဟောကြားတော်မူအပ်သော ကမ္ဘာဆုံးသည့်တိုင် တန်ခိုးထက်မြတ်လှသော ၀ဋ္ဋသုတ်ပရိတ်တော်ကို ပေါင်းစုညီညာရွတ်ဆိုကြပါကုန်စို့


အတ္ထိလောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။

လောကတွင် သီလ၏ဂုဏ်ကျေးဇူး ၊ မှန်ကန်သော သစ္စာစကား ၊ ကိုယ်နှုတ်နှလုံးဖြူစင်သန့်ရှင်းခြင်း ၊ သတ္တ၀ါများကို ချစ်ခြင်း ၊ မေတ္တာတရား သတ္တ၀ါများကို သနားကြင်နာခြင်း ၊ ဂရုဏာတရားများ ထင်ရှားရှိနေပေသည်သာ ၊ ဤမှန်သောသစ္စာစကားနှင့်အတူ အကောင်းဆုံးသစ္စာကို ပြုပါအံ့ ။

အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မ၀ဿာယ၊ သစ္စကိရိယ မကာသဟံ။

တရားတော်၏တန်ခိုး နှင်း ရှေးရှေးဘုရားရှင်တို့ကို အာရုံပြု၍ သစ္စာ၏စွမ်းပကားကို ကိုးစားကာ ငါဘုရားနုစဉ်အခါ ငုံမင်းကလေးဖြစ်စဉ်အခါက သစ္စာပြုခဲ့ဖူးပြီ။

သန္တိ ပက္ခာ အ ပတန၊ သန္တိပါဒါ အ၀ဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။


၁)ငါ့မှာအတောင်ရှိပါတယ် ၊ မပျံနိုင်သေးပါ
၂)ငါ့မှာခြေထောက်ရှိပါတယ် ၊ မသွားနိုင်သေးပါ
၃)ငါ့မိဘများလဲထွက်ပြေးကြပါပီ ၊ ဒီသစ္စာစကားကြောင့် တောမီးကြီးဝေးရာသို့ ဖယ်သွားပါ


သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယာထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။

သစ္စာပြုပီးသည်နှင့်တပြိုင်နက် တောမီးကြီးသည် ငုံမင်းကလေးနှင့် ၁၆ ပယ်ဝေးသော အရပ်ကဖယ်သွားခဲ့ဖူးပြီ ၊ ငုံးမင်းကလေး၏ သစ္စာနှင့်တူသော အခြားသစ္စာမရှိပါ ၊ ငုံးမင်းကလေး၏ သစ္စာသည် သစ္စာပါရမီဖြစ်ပါပေသည်


ဝဋ္ဋသုတ်မြန်မာပြန်ပြီး၏

Friday, March 19, 2010

မောရသုတ်မြန်မာပြန်

ပူရေန္တံ ဘောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ၀နေစရာ။

မောရသုတ်တန်ခိုးကြောင့် ဘုရားအလောင်းအလျာ ဥဒေါင်းမင်းကို တောမုဆိုးများနှစ်ရှည်လများ ဖမ်းယူကြသော်လည်း မဖမ်းမိကြပါ။

စိရဿံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

အို-သူတော်ကောင်းအပေါင်းတို့ မြတ်သောမန္တန် လို့ ဘုရားဟောခဲ့သော မောရသုတ်ပရိတ်တော်ကို စုပေါင်းညီညာ ရွတ်ဆိုကြပါကုန်စို့ ။


ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ယရိဿ ၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ၊

အရှေ့ အရပ်မှထွက်ပေါ်လာသော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူ၏ ၊ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏ ၊ ရွှေကဲ့သို့ဝါ၀င်းတောက်ပတော်မူ၏ ၊ သင်နေမင်းကို အကျန်ုပ် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ သင်နေမင်းကြီး၏ အစောင့်အရှောက်ကိုခံယူကာ တစ်နေ့လုံးချမ်းသာစွာနေထိုင်ပါမည်။


ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တာယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧ သနာ။

မကောင်းမှုအားလုံးကင်းရှင်းတော်မူသော တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ ၊ သစ္စာလေးပါးကို သိမြင်ပီးသော အရိယာပုဂ္ဂိုလ်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ အရဟတ္တ မဂ်ညဏ် ဖိုညဏ် သဗ္ဗညုတညဏ်တော်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ ဤကဲ့သို့ ဘေးရန်အတားအဆီးများကိုပြု၍ ဥဒေါင်းမင်းသည် အစာရှာထွက်လေ့ရှိပါသည်



အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ်ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။



အနောက်ဘက်တွင် ၀င်လုဆဲဖြစ်သော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူသည်၊ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏ ၊ ရွှေကဲ့သို့ဝါ၀င်းတောက်ပတော်မူ၏ ၊ သင်နေမင်းကို အကျန်ုပ် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ သင်နေမင်းကြီး၏ အစောင့်အရှောက်ကိုခံယူကာ တစ်ညလုံးနေထိုင်ပါမည်။


ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဘောဓိယာ။
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသ မကပ္ပယိ။


မကောင်းမှုအားလုံး ကင်းရှင်းတော်မူပြီးသော ၊ တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ ၊ သစ္စာလေးပါးတရားကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များ ၊ အာသဝေါတရားကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ အရဟတ္တ မဂ်ညဏ် ဖိုညဏ် သဗ္ဗညုတညဏ်တော်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ ဤကဲ့သို့ ဘေးရန်အတားအဆီးများကိုပြု၍ ဘုရားလောင်း ဥဒေါင်းမင်းသည် တစ်ညလုံးနေလေ့ရှိပါသည်။


မောရသုတ်မြန်မာပြန်ပြီး၏

Thursday, March 18, 2010

ခန္ဓသုတ်မြန်မာပြန်

သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
အာဏာက္ခေတ္တမှိ၊ သဗ္ဗတ္ထ၊သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။



အို-သူတော်ကောင်းအပေါင်းတို့ -
နတ်ဆေးဝါး နတ်မန္တရားကဲ့သို့ အစွမ်းထက်၍ အဆိပ်ဘေး ၊ ခြင်္သေ့ ၊ သစ် ၊ ကျား စသော သားရဲဘေး ၊ ရောဂါဘယ အမျိုးမျိုးဘေး စသော ဘေးရန်များကို ပျောက်ကင်းပျက်စီးစေနိုင်သော ခန္ဓသုတ်ပရိတ်တော်ကို စုပေါင်းညီညာရွတ်ဆိုကြပါကုန်စို့ ။


ဝိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။



ဝိရူပက္ခနဂါးများ ချမ်းသာကြပါစေ
ဧရာပထနဂါးများ ချမ်းသာကြပါစေ
ဆဗျာပုတ္တနဂါးများ ချမ်းသာကြပါစေ
ကဏှာဂေါတမနဂါးများ ချမ်းသာကြပါစေ။


အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။


ခြေမရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေနှစ်ချောင်းရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေလေးချောင်းရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေများစွာရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ


မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။


ခြေမရှိသောသတ္တ၀ါများ ၊ ခြေနှစ်ချောင်းရှိသောသတ္တ၀ါများ ၊ ခြေလေးချောင်းရှိသောသတ္တ၀ါများ ၊ ခြေများစွာရှိသောသတ္တ၀ါများ ငါ့ကို မညဉ်းဆဲ မနှိပ်စက်ကြဘဲ မေတ္တာထားနိုင်ကြပါစေ။


သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကောဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဉ္စိ ပါပ မာဂမာ။


သက်ရှိသတ္တ၀ါအားလုံးတို့သည် ကောင်းသောအာရုံကို တွေ့မြင်ကြပါစေ ၊ မကောင်းသောအာရုံများ ကင်းဝေးကြပါစေ။


အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏာဝန္တာနိ သရီသပါနိ။
အဟိ ၀ိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။


ဘုရား၊ တရား ၊ သံဃာ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် ၊မြင့်မြတ်တော်မူကြပါပေသည်။ မြွေ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာကိလေသာ ပြည့်ဝယုတ်ညံ့ကြကုန်၏။



ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂ၀တော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ငါသည် အစောင့်အရှောက် အရံအတားကို ပြုထားပီးဖြစ်၍ တစ္ဆေ၊ မြေဖုတ် ၊ နတ်ဘီလူး ၊ နတ်မိစ္ဆာများ အဝေးသို့ ထွက်သွားကြကုန် ၊ တပည့်တော်သည် မြတ်စွာဘုရားကို ရှိခိုးပါ၏ ၊ တပည့်တော်သည် ဘုရားခုနှစ်ဆူကို ရှိခိုးပါ၏။

ခန္ဓသုတ်မြန်မာပြန်ပြီး၏

Wednesday, March 17, 2010

မေတ္တာသုတ်မြန်မာပြန်

ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယမှိ စေ၀ါ.နုယုဉ္စန္တော၊ ယတိန္ဒြိဝမတန္ဒိတော။

တစ္ဆေသရဲဘီလူးများ မခြောက်ဝံ့အောင် အစွမ်းထက်လှသော မေတ္တာသုတ်ပရိတ်တော်ကို ရွတ်ဆိုခြင်းဖြင့် -

သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။


၁)ချမ်းသာစွာအိပ်ရခြင်း
၂)အိမ်မက်ဆိုးများ မမြင်မက်ရခြင်း စသော အကျိုးထူးများ ရရှိနိုင်ပါသည် ၊ အို-သူတော်ကောင်းအပေါင်းတို့ အထက်ပါ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို ညီညာဖျဖျ ရွတ်ဆိုကြပါကုန်စို့။


ကရဏီယမတ္ထကုသလေန ၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။


လောကီအကျိုးစီးပွား လောကုတ္တရာအကျိုးစီးပွားများအတွက် တတ်သိလိမ္မာသော ပညာရှိသူတော်ကောင်းများသည် မေတ္တာမပွားခင် အောက်ပါ သူတော်ကောင်းကျင့်စဉ်များကို လိုက်နာကျင့်ကြံရပေသည်
၁)ကုသိုလ်ကောင်းမှုပြုရန် စွမ်းဆောင်နိုင်သူဖြစ်ရမည်
၂)ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မက်သူ ဖြစ်ရမည်
၃)စိတ်သဘောထား အထူးဖြောင့်မက်သူဖြစ်ရမည်
၎)မှန်ကန်သောစိတ်ထားရှိသူဖြစ်ရမည်
၅)နူးညံ့သိမ်မွေ့သူဖြစ်ရမည်
၆)မာန်မာနကင်းသူဖြစ်ရမည်


သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓေါ။


၇)ရသမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်သူဖြစ်ရမည်
၈)အစားအစာ(ချေး)ဂျီးမများသူဖြစ်ရမည်
၉)အလုပ်ကိစ္စမများသူဖြစ်ရမည်
၁၀)အသက်မွေးမှု လွယ်ကူချမ်းသာသူဖြစ်ရမည်
၁၁)ဣနြေ္ဒသက္ခာရှိသူဖြစ်ရမည်
၁၂)တည်ငြိမ်ရင့်ကျင့်သော ညဏ်ပညာနှင့် ပြည့်စုံရမည်
၁၃)မကြမ်းတမ်းမခက်ထန်သူဖြစ်ရမည်
၁၄)ဆွေမျိုးများကို တွယ်တာမှုကင်းသူဖြစ်ရမည်


န စ ခုဒ္ဒမာစရေ ကဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။


၁၅)အကျင့်ယုတ်မှန်သမျှကို ရှောင်ကြဉ်သူဖြစ်ရမည်
အထက်ပါကျင့်ဝတ် ၁၅ ပါးနှင့်ပြည့်စုံပီးနောက် မေတ္တာပွားရမည်။


ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၁)သတ္တ၀ါအားလုံး ချမ်းသာကြပါစေ
၂)အသက်ရှိသော သတ္တ၀ါများ ချမ်းသာကြပါစေ
၃)ကြောက်တတ်သော သတ္တ၀ါများ ချမ်းသာကြပါစေ
၎)တည်ငြိမ်သော မကြောက်တတ်သော သတ္တ၀ါများ ချမ်းသာကြပါစေ
၅)ခန္ဒာကိုယ်ရှည်သော သတ္တ၀ါများ ချမ်းသာကြပါစေ
၆)ခန္ဒာကိုယ်တိုသော သတ္တ၀ါများ ချမ်းသာကြပါစေ
၇)ခန္ဒာကိုယ်ကြီးသော သတ္တ၀ါများ ချမ်းသာကြပါစေ
၈)ခန္ဒာကိုယ်သေးသော သတ္တ၀ါများ ချမ်းသာကြပါစေ
၉)ခန္ဒာကိုယ်မကြီးမသေးသော သတ္တ၀ါများ ချမ်းသာကြပါစေ
၁၀)၀သောသတ္တ၀ါများ ချမ်းသာကြပါစေ
၁၁)ပိန်သော သတ္တ၀ါများ ချမ်းသာကြပါစေ
၁၂)မပိန်သော သတ္တ၀ါများ ချမ်းသာကြပါစေ
၁၃)မပိန်မ၀သော သတ္တ၀ါများ ချမ်းသာကြပါစေ။


ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။


၁၄)မြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ
၁၅)မမြင်ရသော သတ္တ၀ါများ ချမ်းသာကြပါစေ
၁၆)အဝေးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ
၁၇)အနီးရှိ သတ္တ၀ါများ ချမ်းသာကြပါစေ
၁၈)ဖြစ်ပီး သတ္တ၀ါများ ချမ်းသာကြပါစေ
၁၉)ဖြစ်ဆဲ သတ္တ၀ါများ ချမ်းသာကြပါစေ
၂၀)သတ္တ၀ါများအချင်းချင်း စိတ်မဆိုးဘဲ သည်းခံနိုင်ကြပါစေ
၂၁)သတ္တ၀ါများအချင်းချင်း မညှင်းဆဲဘဲ အကျိုးဆောင်ကြပါစေ။


န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသညာ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။


၂၂)သတ္တ၀ါများအချင်းချင်း ရန်ငြိုးမထားဘဲ ချင်ခင်ကြပါစေ
၂၃)သတ္တ၀ါများအချင်းချင်း လေးစားကြည်ညိုနိုင်ကြပါစေ
၂၄)သတ္တ၀ါများအချင်းချင်း ဆင်းရဲဒုက္ခမပေးဘဲ ချမ်းသာသုခပေးနိုင်ကြပါစေ
၂၅)သတ္တ၀ါများအချင်းချင်း မေတ္တာပွားနိုင်ကြပါစေ။


မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။


တစ်ယောက်တည်းသောသားကလေးကို မိခင်က အထူးမိတ္တာထားသကဲ့သို့ သတ္တ၀ါအားလုံးကို အထူးအာရုံစိုက်၍ မေတ္တာပို့တော်မူကြပါ။


မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓေါ စ တိရိယဉ္စ ၊ အသမ္ဗာဓံ အဝေရမသပတ္တံ။


သတ္တာဝါအားလုံးပျံ့ နှံ့အောင် ကျယ်ကျယ်ပြန့်ပြန့် မေတ္တာပို့ပါ
အရပ်မျက်နှာအားလုံး ပျံ့ နှံ့အောင် ရန်သူမိတ်ဆွေအားလုံးပါဝင်အောင် မေတ္တာပို့ပါ။



တိဋ္ဌံ စရံ နိသိန္နော ၀ ၊ သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ၀ိဟာရမိဓမာဟု။


မေတ္တာပို့ရမည် အချိန်မှာလဲ အကန့်အသတ်မရှိပါ ၊ အိပ်ပျော်နေစဉ်ကလွဲလျှင် ကျန်သောအချိန်အားလုံး မေတ္တာပို့ချိန်ဖြစ်ပါသည် ၊ တကယ်တမ်းမေတ္တာပို့နေသော သူတော်ကောင်းတို့ကို ဗြဟ္မ၀ိဟာရ မြင့်မြတ်စွာ နေထိုင်သူ ဟူကာ မြတ်စွာဘုရား ချီးကျူးတော်မူသည်။



ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတီတိ။


မေတ္တာပို့နေသောသူသည် ကလျာဏပုထုဇဉ်မှ စူဌသောတာပန်၊ မဟာသောတပန် ၊ သကဒါဂါမ် ၊ အနာဂါမ်အထိ ဖြစ်နိုင်ပါသည်.


မေတ္တာသုတ်မြန်မာပြန်ပြီး၏

Tuesday, March 16, 2010

ရတနသုတ်မြန်မာပြန်

ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော
ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရိယောတိ
သမတ္တိံသ ပါရမိယော ပဉ္စ မဟာပရိစာဂေ
ဉာတ္ထစရိယံ လောကတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တ
တိေဿာ စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါကန္တိံ
ဇာတိံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လကေ
မာရ၀ိဇယံ သဗ္ဗုတဉာဏပရိဝေဒံ
ဓမ္မစက္ကပ၀တ္တနံ န၀လောကကုတ္တရဓမ္မေတိ
သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ
ဝေသာလိယံ တီသု.ပါကရန္တရေသု
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ၀ိယ
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ..


အို-သူတော်ကောင်းအပေါင်းတို့ ဒီပကာင်္ရာဘုရားထံ
နိယတဗျာဒိတ်ခံယူတော်မူသည်မှ အစပြု၍ -
၁) ပါရမီ ၁၀ ပါး ၊ အပြား ၃၀ ကို ဖြည့်ကျင့်တော်မူခြင်း
၂) စွန့်လွှတ်ခြင်းငါးပါးကို စွန့်တော်မူခြင်း
၃) စရိယသုံးပါးကို ဖြည့်ကျင့်တော်မူခြင်း
၎) နောက်ဆုံးဘ၀ ပဋိသန္ဒေနေတော်မူခြင်း
၅) ဖွားမြင်တော်မူခြင်း
၆) တောထွက်တောမူခြင်း
၇) ဒုက္ကရစရိယာကျင့်တော်မူခြင်း
၈) ဗောဓိပလ္လင်တော်၌ မာရ်ငါးပါး အောင်တော်မူခြင်း
၉) ဓမ္မာစကြာတရားဟောတော်မူခြင်း
၁၀) သဗ္ဗညုတဥာဏ် ရတော်မူခြင်း
၁၁) လောကုတ္တရာတရားကိုးပါးနှင့် ပြည့်စုံတော်မူခြင်း စသော ဘုရားဂုဏ်တော်အားလုံးကို ကြည်ညိုလေးစားစွာ အာရုံပြု၍ ဝေသာလီပြည် မြို့ တံတိုင်း ၃ ထပ်အကြား၌ တစ်ညလုံးပရိတ်ရွတ်တော် မူသော အရှင်အာနန္နာထုံးကို နှလုံးထားကြပီး သတ္တ၀ါများကို သနားကြင်နာသော စိတ်ထားဖြင့်


ကောဋိသတသဟေဿသု၊ စက္ကာဝါဠေသု ဒေ၀တာ။
ယဿ နံ ပဋိဂဏှန္တု၊ ယဉ္စ ဝေသာလိယံ ပုရေ။
ရောဂါမနုဿဒုဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ.မန္တရဓာပေသိ၊ပရိတ္တံ တံ ဘဏာမ ဟေ။


စကြာဝဌာ ကုဋေတစ်သိန်း၌ နေထိုင်ကြသော သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များက ရတနသုတ်၏ တန်ခိုးအာဏာကို လက်ခံတော်မူကြပါသည် ၊ ဝေသာလီပြည်၌ဖြစ်ပေါ်နေသော "ဘေးကြီးသုံးပါး" ကိုအမြန်ဆုံးပျောက်ကင်းစေနိုင်သော အထူးလေးစားအပ်သော ရတနသုတ်ပရိတ်တော်ကို ပေါင်းစုညီညာရွတ်ဆိုကြပါကုန်စို့ ။


ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

ဤပရိရွတ်ရာ အရပ်သို့ ဘုမ္မစိုးနတ်များ ၊ ဗြဟ္မာပြည် ၂၀ ရှိဗြဟ္မာများ ၊ ရုက္ခစိုးများ ၊ နတ်ပြည် ၆ ထပ်ရှိနတ်များ ညီညီညာညာ ရောက်ရှိနေကြပါပီ ၊ အားလုံးသောနတ် ဗြဟ္မာများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ရတနသုတ်ပရိတော်ကို ရိုရိုသေသေ နာယူနိုင်ကြပါစေ။

တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။


အို-နတ်ဗြဟ္မာ အပေါင်းတို့ ဘုရားဟောရတနသုတ် ပရိတ်တရားတော်ကို ရိုသေစွာ နာယူမှတ်သားတော်မူကြပါ ၊
သတ္တ၀ါများကို မေတ္တာထားတော်မူကြပါ
ဗလိနတ်စာပူဇော်ပသသောသူများကို အမြဲစောင့်ရှောက်တော်မူကြပါ။


ယံ ကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

လူ့ပြည်၊ နတ်ပြည် ၊ ဂဠုန်ပြည် ၊ နတ်ပြည် ၊ ဗြဟ္မာပြည်တို့၌ ရှိရှိသမျှ ရတနာတို့တွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်၊
ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ခယံ ၀ိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လောကီရတနာ ၊ လောကုတ္တရာ ရတနာအားလုံးတွင် မြတ်စွာဘုရားသိမြင်တော်မူအပ်သော ကိလေသာမရှိရာ ရာဂငြိမ်းရာ ၊ မနာရာ ၊ မသေရာ ဖြစ်သော နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်ပါသည်၊
ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊ သမာဓိမာနန္တရိကညမာဟု။
သမာဓိနာ တေန သမော န ၀ိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


သမာဓိ စေတသိက်တို့တွင် အရဟတ္တမင်္ဂနှင့် ယှဉ်သောသမာဓိသည် အမြတ်ဆုံးဖြစ်၏ ၊ လောကီရတနာအားလုံးထက်လည်း မြင့်မြတ်လှပေ၏၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

မြတ်သောအလှူကို ခံယူတော်မူထိုက်သော ရှစ်ယောက်သောအရိယာသံဃာတော်မြတ်သည် လောကီရတနာအားလုံးတို့ထက် အမြတ်ဆုံးဖြစ်တော်မူကြပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ၀ိဂယှ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံဘုဉ္စမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

နိဗ္ဗာန်ကိုအာရုံပြုကာ ဖလသမာပတ် ချမ်းသာဖြင့်နေထိုင်ကြသော ရဟန္တာအရှင်မြတ်များသည် လောကီရတနာအားလုံးတို့ထက် အမြတ်ဆုံးဖြစ်တော်မူကြပါသည်၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ယထိန္ဒခီလော ပထ၀ိဿိတော သိယာ၊ စတုဗ္ဘိ ၀ါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


သောတပန်ပုဂ္ဂိုလ်များသည် လေဒဏ်မိုးဒဏ်ကို ကြံ့  ကြံ့ ခံနိုင်သောကျောက်တိုင်ကြီးနှင့်တူပါသည်၊ သောတပန်ပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့တွင် အမြင့်မြတ်ဆုံးဖြစ်တော်မူကြပါသည် ၊၊ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ယေ အရိယသစ္စာနိ ၀ိဘာဝယန္တိ၊ ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘ၀ံ အဋ္ဌမမာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

သောတာပန်ပုဂ္ဂိုလ်များသည် ကာမ သုဂတိဘုံမှာ ပဋိသန္ဒေ ရှစ်ကြိမ်အထိမနေကြတော့ပါ ၊ အများဆုံး ပဋိသန္ဒေ ခုနှစ်ကြိမ်သာ နေကြရပါသည်၊ သောတာပန်ပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့ထက် မြင့်မြတ်တော်မူကြပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

သဟာဝဿ ဒဿနသမ္ပဒါယ တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယဒိဋ္ဌီ ၀ိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကဉ္စိ။
စတူဟပါယေဟိ စ ၀ိပ္ပမုတ္တော၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

သောတာပန်ပုဂ္ဂိုလ်များသည် ဒိဠိ ၊ ၀ီစိကိစ္ဆာ ၊ သီလဗ္ဗတပရာမာသ တရားသုံးပါးကို ပယ်ပြီးဖြစ်ကြပါသည် ။ အပယ်တံခါးပိတ်ပီး ဖြစ်ကြပါသည် ၊ ကံကြီး ငါးပါးကို မကျူးလွန်ကြတော့ပါ ၊ တိတ္တိများကို ဆရာမတင်ကြတော့ပါ ၊ သောတာပန်ပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့ထက် မြင့်မြတ်တော်မူကြပါသည်၊ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊ ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ထ-၈ ဒိဋ္ဌပဒဿ ၀ုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


သောတာပန်ပုဂ္ဂိုလ်များသည် မကောင်းသော ကာယကံ ၊ ၀စီကံ ၊ မနောကံများကို မတော်မဆပြုမိခဲ့ပါက ဖုံးကွယ်မထားကြပဲ ပညာရှိသူတော်ကောင်းများထံ ၀န်ခံရိုးထုံးစံရှိကြပါသည် ၊ သောတာပန်ပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့ထက် မြင့်မြတ်တော်မူကြပါသည်၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပဌမသ္မိံ ဂိမှေ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

နွေလေးလတို့တွင် ပထမဆုံးလဖြစ်သော တန်ခူးလအခါသမယ၌ အစီအရီပင်လုံးကျွှတ် ဖူးဖွင့်နေကြသော ပန်းမာလာတို့ဖြင့် ရွန်းရွန်းအိအိ သရေရှိလှသော တောအုပ်ကြီးနှင့်တူသော ပန်းမာလာတို့ဖြင့်ရွန်းရွန်းအိအိ သရေရှိလှသော တောအုပ်ကြီးနှင့်တူသော ပရိယတ္တိတရားတော်ကို မြတ်စွာဘုရား ၄၅ ၀ါ ကာလကြာအောင် ဟောတော်မူခဲ့ပါသည် ၊ တရားဒေသနာရှင် ဘုရားသခင်သည် လောကီရတနာအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ဝရော ၀ရညူ ၀ရဒေါ ၀ရာဟရော၊ အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


မြတ်စွာဘုရားသည် မြတ်သောနိဗ္ဗာန်ကို သိမြင်တော်မူ၏ ၊ မြတ်သောနိဗ္ဗာန်ကို ပေးတော်မူတတ်၏ ၊ မြတ်သောအကျိုးကို ဆောင်တော်မူတတ်၏ ၊ မြတ်သောတရားကို ဟောတော်မူတတ်၏ ၊ မြတ်စွာဘုရားသည် လောကီရတနာအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူ၏ ၊ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ခီဏံ ပုရာဏံ န၀ နတ္ထိ သမ္ဘ၀ံ၊ ၀ိရတ္တစိတ္တာယတိကေ ဘ၀သ္မိံ။
တေ ခီဏဗီဇာ အ၀ိရူဠှိဆန္ဒာ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ရဟန္တာပုဂ္ဂိုလ်များမှာ ကုသိုလ်ကံ ၊ အကုသိုလ်ကံ အဟောင်းအသစ်ကုန်ဆုံးလေပီ ၊ ပဋိသန္ဒေနေချင်သော စိတ်ဆန္ဒရှိတော်မမူကြ ၊ ပဋိသန္ဒေမျိုးစေ့ ကုန်ဆုံးတော်မူကြလေပီ ၊ ပရိနိဗ္ဗာန်စံခဲ့သော် ဆီမီးတော်ငြိမ်းသကဲ့သို့ နိဗ္ဗာန်ရောက်ကာ အေးငြိမ်းတော်မူကြကုန်၏၊ ရဟန္တာပုဂ္ဂိုလ်များသည် လောကီရတနာအားလုံးတို့ထက် သာလွန်မြင့်မြတ်တော်မူ၏ ၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ၀ါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတူတိ။

ဤပရိတ်ရွတ်ရာအရပ်သို့ စည်းဝေးရောက်လာကြသော နတ်ဗြဟ္မာများနှင့်တကွ တပည့်တော်တို့သည်
မြတ်စွာဘုရားကို ရှိခိုးကြပါကုန်၏
တရားတော်မြတ်ကိုရှိခိုးကြပါကုန်၏
သံဃာတော်များကို ရှိခိုးကြပါကုန်၏
ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။


ရတနသုတ်မြန်မာပြန်ပြီး၏

Monday, March 15, 2010

မင်္ဂလာသုတ်မြန်မာပြန်

ယံမင်္ဂလံ ဒွါဒသဟိ
စိန္တယိံသု သဒေ၀ကာ
သောတ္တာနံ နာဓိဂစ္ဆန္တိ
အဌတိံသဉ္စမင်္ဂလံ။


ကြီးပွားချမ်းသာရေးကို အလိုရှိကြသော နတ်လူတို့သည် ၁၂ နှစ်ကြာအောင် မင်္ဂလာတရားအစစ်အမှန်ကို ရှာဖွေခဲ့ကြသော်လည်း ၃၈ ဖြာ မင်္ဂလာတရားတော်အစစ်အမှန်ကို မရရှိခဲ့ကြပါ ၊



ဒေသိတံ ဒေ၀ဒေဝေန
သဗ္ဗပါပ ၀ိနာသနံ
သဗ္ဗလောက ဟိတတ္တာယ
မင်္ဂလံ တံဘဏာမ ဟေ။


မြတ်စွာဘုရားသည် မကောင်းမှုအားလုံးကို ပယ်ဖျောက်နိုင်သော ၃၈ ဖြာ မင်္ဂလာတရားတော်ကို သတ္တ၀ါအားလုံးတို့ ချမ်းသာရေးအတွက် ဟောကြားတော်မူအပ်ပါပြီ ၊ ထိုဘုရားဟော ၃၈ ဖြာ မင်္ဂလာတရားတော်မြတ်ကို ကျွှန်ုပ်တို့ ရွတ်ဆိုကြပါစို့ ။


ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ
ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ
ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

အရှင်မဟာကဿပဘုရား - တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဤသို့ကြားနာမှတ်သားလိုက်ရပါသည်
အနာထပိဏ်သူဌေးဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရားသီတင်းသုံးတော်မူခိုက် တစ်ခုသောညဉ့်သန်းခေါင်ယံအတွင်း အမျိုးအမည်မထင်ရှားသော နတ်သားတစ်ပါးသည် ဇေတ၀န်ကျောင်းတော်ကြီးတစ်ခုလုံးကို အလင်းရောင်ပေးလျက် ဘုရားမြတ်စွာအားလာရောက်ဖူးမျှော်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ ဘုရားရှင်အား လျှောက်ထားပါသည်


ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။

မြတ်စွာဘုရား- စီးပွားချမ်းသာကို အလိုရှိကြသော နတ်လူအပေါင်းတို့သည် ၃၈ ဖြာမင်္ဂလာတရားတော်ကို ရှာဖွေခဲ့ကြသော်လည်း မရရှိကြသေးပါ ။ ၃၈ ဖြာ မင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောပြတော်မူပါဘုရား

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။

၁)လူမိုက်များကို မမှီဝဲ မဆည်းကပ်ခြင်း
၂) ပညာရှိ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း
၃) ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာ မည်ပါတယ။်


ပတိရူပဒေသ၀ါသော ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)သင့်တော်သော အရပ်၌နေထိုင်ခြင်း
၂)ရှေးကောင်းမှုရှိခြင်း
၃)မိမိကိုယ်ကို ထိန်းသိန်းစောင့်ရှောက်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာ မည်ပါတယ်။



ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလမုတ္တမံ။

၁)အကြားအမြင် ဗဟုသုတများခြင်း
၂)သိပ္ပအတတ်ကို တတ်ကျွှမ်းခြင်း
၃)ကောင်းသော ကိုယ်ကျင့်တရား ပြောဆိုခြင်း
၎)ကောင်းသော စကားကိုပြောဆိုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။



မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)မိဘနှစ်ပါးကို ပြုစုလုပ်ကျွှေးခြင်း
၂)သားမယားကို ပြုစုထောက်ပံ့ခြင်း
၃)အပြစ်ကင်းသောအလုပ်ကို လုပ်ကိုင်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။



ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)လှူဒါန်းပေးကမ်းခြင်း
၂)တရားကျင့်ခြင်း
၃)ဆွေမျိုးများကို ကြည့်ရှုစောင့်ရှောက်ခြင်း
၎)အပြစ်ကင်းသော ကောင်းမှုကိုပြုလုပ်ခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။



အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။


၁)မကောင်းမှုကို မကြံစည်ခြင်း
၂)မကောင်းမှုကိုမပြုလုပ် မပြောဆိုခြင်း
၃)သေရည်သေရက် မသောက်ခြင်း
၎)မမေ့မလျော့သော သတိတရားရှိခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။


ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလမုတ္တမံ။


၁)ရိုသေထိုက်သူများကို ရိုသေခြင်း
၂)မာန်မာန မရှိခြင်း
၃)ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း
၎)သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း
၅)အခွင့်ရတိုင်း တရားနာခြင်း
၎င်းငါးပါးလဲ မင်္ဂလာမည်ပါတယ်။



ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)အရာရာမှာ သည်းခံခြင်း
၂)ဆုံးမစကားကို နားထောင်ခြင်း
၃)ရဟန်းသံဃာကို ဖူးမျှော်ခြင်း
၎)အခွင့်ရတိုင်း တရားဆွေးနွေးခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။


တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)ခြိုးခြံစွာကျင့်ခြင်း
၂)မေထုန်မှုကို ရှောင်ရှားခြင်း
၃)သစ္စာလေးပါးကို သိမြင်ခြင်း
၎)နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။


ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)လောကဓံတရားကြောင့် စိတ်မတုန်လှုပ်ခြင်း
၂)လောကဓံတရားကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်း
၃)ကိလေသာ ကင်းခြင်း
၎)ကြောက်စရာ ဘေးရန်မရှိခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။



ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။


အို-နတ်သား ငါဘုရားဟော်ကြားတော်မူခဲ့သော ၃၈ ဖြာမင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးကြတဲ့ သူတော်စင်များဟာ နေရာတိုင်းမှာပင် အောင်မြင်မှုရလာဒ်ကို ရရှိကြပါလိမ့်မယ် ၊ ကြီးပွားချမ်းသာကြပါလိမ့်မယ် ၊ ယခုငါဘုရားဟောကြားတော်မူခဲ့သော၃၈ ဖြာမင်္ဂလာတရားတော်များဟာ ကြီးပွားချမ်းသာချင်တဲ့ သတ္တ၀ါများအတွက် ကောင်းမြတ်တဲ့ မင်္ဂလာတရားအစစ်အမှန်များပင် ဖြစ်ပါတယ် ။


မင်္ဂလာသုတ် မြန်မာပြန် ပြီး၏

38 Mingalas Welfares


၁။ လူဆိုး လူမိုက်တို့ကို မမှီဝဲ မပေါင်းသင်းခြင်း။
1. Not to associate with fools.

၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်း။
To associate with wise.

၃။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း။
3. To honour those-worthy of honour.

၎။ သင့်လျော်သော အရပ် နေခြင်း။
4. To live in suitable region.

၅။ ရှေး ပြုဖူးသော ကောင်းမှုအထူး ရှိခြင်း။
5. To have accumulated on oneself.

၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
6. To be rightly concentrated on oneself.

၇။ အကြား အမြင် များခြင်း။
7. To have immensity of knowledge.

၈။ စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း။
8. To acquire skill in sciences.

၉။ လူ့ကျင့်ဝတ်ကို ကောင်းစွာ သင်ကြား နားလည်ခြင်း။
9. To be well-trained in discipline.

၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
10. To have pleasant speech.

၁၁။ အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း။
11. To serve one’s actions.

၁၂။ ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း။
12. To look after one’s family.

၁၃။ ရှုပ်ထွေးမှု ကင်းလျက် စနစ်တကျ ကြိုးစား စူးစိုက် လုပ်ကိုင်ခြင်း။
13. To be peaceful in one’s action.

၁၄။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
14. To donate generously.

၁၅။ ကောင်းသော အကျင့်တရားကို ကျင့်ခြင်း။
15. To live the life of Dhamma.

၁၆။ ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း။
16. To help one’s relations.

၁၇။ အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
17. To abstain from immoral livelihood.

၁၈။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ခြင်း။
18. To abstain from evil (mental).

၁၉။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ခြင်း။
19. To abstain from evil (physical).

၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
20. To abstain from intoxicants.

၂၁။ ကုသိုလ်တရားတို့ မမေ့မလျော့ခြင်း။
21. To practice Dhamma deligently.

၂၂။ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း။
22. To be respectful.

၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း။
23. To be humble.

၂၄။ တင်းတိမ်ရောင့်ရဲခြင်း။
24. To be content.

၂၅။ သူ့ကျေးဇူးကို သိခြင်း။
25. To be grateful.

၂၆။ သင့်လျော်သောအခါ တရားနာခြင်း။
26. To listen Dhamma at appropriate time.

၂၇။ သည်းခံခြင်း။
27. To be tolerant.

၂၈။ ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း။
28. To be obedient.

၂၉။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း။
29. To see saintly people.

၃၀။ သင့်လျော်သောအခါ တရားစကားဆွေးနွေးမေးမြန်းခြင်း။
30. To discuss Dhamma at appropriate times.

၃၁။ ခြိုးခြံသော အကျင့်ကို ကျင့်ခြင်း။
31. To have ascetic practices.

၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
32. To observe celibacy.

၃၃။ သစ္စာလေးပါး တရားကို သိမြင်ခြင်း။
33. To brserve Noble Truths.

၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
34. To realize Nibbana.

၃၅။ လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း။
35. To remain equanimous while coming in contact with visicitudes of life.

၃၆။ ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခ ဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်း။
36. To remain free from sorrow.

၃၇။ လိုချင်တပ်မက်ခြင်း၊ ရာဂ စသော မြူအညစ်အကြေး မရှိခြင်း။
37. To remain free from impurity.

၃၈။ စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း။
38. To remain free from insecurity.

မင်္ဂလာဆိုတာ မင်္ဂလာရှိအောင် နေမှ မင်္ဂလာမည်ပါမည်။