Wednesday, July 30, 2014

Pukyuu Diary

ပုကျူးလေးကို စက်တင်ဘာ ၂၈ မနက် ၉ နာရီ ၂၈ မိနစ် ၂၀၁၂ မှာ မွေးခဲ့တယ် ၊ သားလေးကို မွေးတုန်းက မွေးခန်းထဲမှာ ၁၃ နာရီတိတိကြာခဲ့တာပေါ့ ၊ အားအင်တွေကုန်တဲ့အထိ သားလေးကို မွေးခဲ့ရတယ် ၊ စိတ်ကော လူကော ပင်ပန်းတာပေါ့ ၊ သားလေးကို မွေးတာ ဗမာပြည်မှာ ကားအကောင်းစားတစီး ၀ယ်လို့ ရအောင် ကုန်ပါတယ် ၊ ငွေ ဘယ်လောက်ကုန်ကုန် သားလေး ဘေးရန်ကင်းရင် မေမေ ကျေနပ်ပီလေ . သားကိုယ်ဝန် သုံးလနဲ့ ဗမာပြည် အလည်ပြန်တုန်း ကိုယ်ဝန်ပျက်ကျမလိုဖြစ်ခဲ့ဖူးတယ် ၊ ပူလိုက်ရတဲ့ ရင်ဆိုတာ ဘယ်လိုပြောရမှန်းတောင် မသိဘူး ၊ ဆေးပစည်းချို့ တဲ့ မှုကြောင့် စိတ်မချရတာနဲ့ ဆေးရုံကနေ ကိုယ့်ဘာသာ လက်မှတ်ထိုးဆင်းခဲ့ပီး စကာင်္ပူတန်းပြန်ခဲ့တယ် ၊ ဒီရောက်မှ စိတ်ချရတော့တယ် သားကို မေမေက အဲလို ခက်ခက်ခဲခဲမွေးလာရတာပါ.. ဒီလိုနဲ့ သားလေးကြီးလာလိုက်တာ အခုဆို ၂ နှစ်တောင် ပြည့်တော့မယ် ၊ သားနေမကောင်းတာ အတော်လေးဖြစ်တာ ၁ နှစ် ၁၀ လလောက်ကပေါ့ ဘာမှကို မစားတော့တာ ၊ အစားကြိုက်တဲ့သားသား မစားတော့ မေမေ စိတ်မကောင်းဖြစ်ပီး နေ့လည်ဆို သားကြိုက်မယ့် ဆိုင်တွေကနေ ပါဆယ်ဝယ် နေ့လည်နေပူကြီးထဲ သားဆီပြန်လာ နေ့လည်စာပို့ပေးတာပေါ့ ၊ ဒါတောင် သားက သိပ်မစားဘူး ၊ တပတ်လုံး မေမေမှာ ပင်ပန်းစွာသားကို သုံးလေး မျိုး စီစဉ် ကျွှေး ပါတယ် ၊ မနက်စာဆိုလဲ သုံးလေး မျိုး ဒါလေး မစားဘူးဆိုရင် နောက်တမျိုး အဆင်သင့်လုပ်ထားရတယ် ၊ မေမေ နေမကောင်းလို့ ဘယ်လောက်ပဲ အစားပျက် ပျက် သားသားအတွက်ကတော့ မေမေက ဟင်းချက်ပီး ထားပေးခဲ့တာပေါ့ သားလေး ကောင်းကောင်းစားရအောင်လို့ပါ ၊ သားကို ထိန်းတဲ့ အဒေါ်ကြီးတွေက သားကို အဟာရစုံအောင် မချက်ကြမှာ အမေစိုးရိမ်သပေါ့ ၊ တကယ်လဲ မချက်ကြဘူးလေ ၊ တခွက်ထဲနဲ့ နေ့တိုင်း ပီးရော ကျွှေးကြတာ ၊ ရုံးကနေ အချိန် ရတိုင်းသားကို လှမ်းကြည့်ရသေးတယ် ၊ သားနဲ့ ကလေးထိန်းက တနေရာစီဆို ဖုန်းဆက်ပြောရ သားလိမ့်ကျ မှာပူရ အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်ရဲ့ ပူပန်မှုတွေပါ သား၊ အလုပ်ထဲမှာ ဘာလုပ်လုပ် စိတ်ဝင်စားတတ်တဲ့ မေမေ သားသားကြီးလာလေ စိတ်မပါလေပဲ ၊ အလုပ်သာထွက်ပီး သားကို ထိန်းလိုက်ချင်တော့တယ် ၊ စကာင်္ပူလိုနေရာကလဲ နှစ်ယောက်လုံး အလုပ်လုပ်မှ ကောင်းကောင်းသုံး ကောင်းကောင်းနေလို့ရတဲ့ နေရာဆိုတော့ မေမေအလုပ်ထွက်လို့လဲ မဖြစ် ၊ နောက်ကိုယ်ဝန်ကြီးတန်းလန်းနဲ့ သားကို ပူရ ၊ သားက ချီစေချင် ၊ မေမေက မချီနိုင် မေ့မေ့သားလေးက ကြီးလာလေ ချွှဲ တတ်လေ ချစ်ဖို့ကောင်းလေပေါ့ ၊ မေမေ ဘာစားစား သားသားက လိုက်စားရမှ မေမေမှာ တတုံးပဲ ရှိရင်လဲ သားက စားချင် ၊ မေမေအငတ်ခံ ကျွှေးရတာပေါ့ ၊ ပါးပါးစီကလဲ မနေရဘူး သားက စားတာပဲ ၊ သားကြီးလာရင် မိဘကျေးဇူးကို နားလည်တတ်ဖို့ မေမေချရေးထားတာပေါ့ ..မေမေဟာ နောက်ကိုယ်ဝန်လွယ်ထားတာတောင် သားကို ဂရုစိုက်တာ မပျက်ခဲ့ဘူး သား ၊ ညဆိုလဲ မေမေကိုယ်တိုင် သားကို နို့ဖျော်တိုက် သိပ်တယ် ၊ သားနဲ့ ဆော့တယ် ၊ သားညငိုလဲ မေမေ ထပြေးကြည့်တာပဲ ၊ မနက်လဲ မနက်စာကို မေမေကိုယ်တိုင် ကျွှေးပီးမှ ရုံးလာတာပါ ၊ နောက်ကိုယ်ဝန်ရှိလို့ သားကို ဂရုစိုက်တာလဲ လျော့မသွားပါဘူး ၊ သား မနာလိုဖြစ်မှာစိုးလို့ ပြောပြတာ၊ ညစာဆိုလဲ မေမေပြန်လာတဲ့အချိန် သားသားစားချိန်ပေါ့ မေမေစီစဉ်တာပေါ့ ၊ ဒါကြောင့်သားလေးက အမြဲတမ် ၀ဖြိုးပီး လုံးလုံးလေး ချစ်စရာလေးဖြစ်နေတာပေါ့ ၊