Tuesday, March 23, 2010

ဓဇဂ္ဂသုတ်မြန်မာပြန်

ယဿာ နုဿရဏေနာပိ၊ အန္တ လိက္ခေပိ ပါဏိနော။ ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ၀ိယ သဗ္ဗထာ၊

ဓဇဂ္ဂသုတ်ပရိတ်တော်ကို ရွတ်ဆိုနာယူခြင်းမဟုတ်ဘဲ အောက်မေ့ရုံသတိရရုံမျှဖြင့် သတ္တ၀ါများ မြေကြီးပေါ်မှာ တည်နေနိုင်သလို ကောင်းကင်ပြင်မှလဲ တည်နေနိုင်ခဲ့ဖူးပါသည်

သဗ္ဗုပဒ္ဒ၀ဇာလမှာ၊ ယက္ခစောရာဒိသမ္ဘ၀ါ။ ဂဏာနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။



အို-သူတော်ကောင်းအပေါင်းတို့ ဘီလူးသူခိုး- အစရှိသော မကောင်းဆိုးဝါးတို့ကြောင့်ဖြစ်သော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ မရေမတွက်နိုင်အောင် များပြားသောသတ္တ၀ါများကို ကယ်တင်နိုင်ခဲ့ပီးဖြစ်သော ဓဇဂ္ဂသုတ်ပရိတ်တော်ကို ညီညာရွတ်ဆိုကြပါကုန်စို့ ။


ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ။ ၀ိဟရတိ ဇေတ၀နေ၊ အနာထ ပိဏ္ဍိကဿ အာရာမေ။

အရှင်မဟာကသာပဘုရား ၊ တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဤကဲ့သို့ နာယူခဲ့ရပါသည် ။ မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေးလှူဒါန်းသော ဇေတ၀န်ကျောင်းတော်မှာ သတင်းသုံးတော်မူစဉ်

တတြ ခေါ ဘဂ၀ါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊ ဘဒန္တေ တိ တေ ဘိက္ခု -ဘဂ၀တော ပစ္စေဿာသုံ။
ဘဂ၀ါ ဧတဒဝေါစ၊ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေ၀ါသုရသင်္ဂါမော၊ သမုပဗျူဠော အဟောသိ။ အထ ခေါ ဘိက္ခဝေ သက္ကော ဒေ၀ါနမိန္ဒော။ ဒေဝေ တာဝတိံ သေ အာမန္တေသိ၊ သစေ မာရိသာ ဒေ၀ါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ
ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ လောမဟံသောဝါ၊ မမေ၀ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေ ယျာထ။ မ မံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။

ရဟန်းတော်များကို ရဟန်းများလို့ ခေါ်တော်မူပါတယ် ၊ အရှင်ဘုရားလို့ ရဟန်တော်များက ထူးတော်မူကြပါသည်၊ မြတ်စွာဘုရား အမိန့်ရှိတော်မူသည်မှာ
"ရဟန်းတို့ ရှေးတုန်းက တာဝတိံသာနတ်များနဲ့ အသုရာနတ်များ စစ်တိုက်ခဲ့ဖူးကြတယ် အဲတုန်းက သိကြားမင်းက တာဝတိံသာနတ်များကို ခေါ်ပီး ဒီလိုပြောဆိုခဲ့တယ် အို- နတ်များတို့ ဒီတိုက်ပွဲမှာ ကြောက်ရွံ့ ထိတ်လန့်တုန်လှုပ်နေကြရင်
၁)ငါကိုင်ထားတဲ့ အလံကို လှမ်းကြည့်ပါ ၊ငါမကျဆုံးသေးဘဲ အောင်လံတ၀င့်ဝင့်နဲ့ တိုက်ပွဲဝင်နေတာတွေ့ရရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မယ် ။


နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ပဇာပတိဿ ဒေ၀ရာဇဿ- ဓဇဂ္ဂံ ဥလ္လောကေယျာထ။
ပဇာပတိဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။


၂)သို့မဟုတ် ငါ့နောက်က ပဇာပတိနတ်မင်းကြီးကိုင်ထားတဲ့အလံကို လှမ်းကြည့်ကြပါ ၊အလံကိုတွေ့ရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မည်။

နော စေ ပဇာပတိဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဂရုဏဿ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ၀ရုဏဿ ဟိ ဝေါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လော ကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။

၃) သို့မဟုတ် ပဇာပတိနတ်မင်းကြီးနောက်က ၀ရုဏနတ်မင်းကြီးကိုင်ထားတဲ့ အလံကိုလှမ်းကြည့်ကြပါ ၊ ၊အလံကိုတွေ့ရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မည်။

နော စေ ၀ရုဏဿ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊ အထ ဤသာနဿ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကေယျာထ။ ဤသာနဿ ဟိ ဝေါ ဒေ၀ရာဇဿ။ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယိဿတီ တိ။

သို့မဟုတ် ၀ရုဏနတ်မင်းကြီးနောက်က ဤသာနနတ်မင်းကြီးကိုင်ထားတဲ့ အလံကိုလှမ်းကြည့်ကြပါ ၊ ၊အလံကိုတွေ့ရင် သင်တို့ အကြောက်ပြေသွားကြပါလိမ့်မည်။

တံ ခေါ ပန ဘိက္ခဝေ၊ သက္ကဿ ၀ါ ဒေ၀ါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ၀ါ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ၀ရုဏဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ၀ါ ဒေ၀ရာဇဿ၊
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ သော ပဟီယေထာပိ နောပိ ပဟီယေထ။


ရဟန်းတို့ သိကြမင်း ပဇာပတိနတ်မင်း ဤသာန နတ်မင်းများရဲ့  အလံကိုတွေ့ရပေမယ့်လဲ နတ်များမှာ ကြောက်ရွံ့ မှုပျောက်ချင်မှ ပျောက်မယ် မပျောက်ချင်လဲ နေမှာပဲ။


တံ ကိဿ ဟေတု၊ သက္ကော ဟိ ဘိက္ခဝေ ဒေ၀ါနမိန္ဒော၊ အ ၀ီတရာဂေါ အ ၀ီတဒေါသော၊ အ ၀ီတ မောဟော၊
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။


ဘာကြောင့်တိုတော့ ခေါင်းဆောင်သိကြားမင်းကိုယ်တိုင်က ရာဂ ဒေါသ မောဟ မကင်းသေးလေတော့ ကြောက်တတ်တယ် လန့်တတ်တယ် ကြောက်ပီးထွက်ပြေးတတ်တယ်မို့လား


အဟဉ္စ ခေါ ဘိက္ခဝေ ဧ၀ံ ၀ဒါမိ၊ သစေ တုမှာကံ ဘိက္ခဝေ၊ အရညဂတာနံ ၀ါရိက္ခမူလဂတာနံ ၀ါ၊ သုညာဂါရဂတာနံ ၀ါ၊ ဥပ္ပဇ္ဇေယျ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊ မမေ၀ တသ္မိံ သမယေ အနုဿရေယျာထ။


ဘုရားကတော့ ဒီလိုဟောပါတယ် ၊ ရဟန်းတို့ တောထဲသစ်ပင်ပင်ရင်း ၀ါးတစ်ပင်အောက် ဆိတ်ငြိမ်ရာဌာနာမှာ ကြောက်ရွံ့  ထိတ်လန့်နေကြရင်-


ဣတိပိသော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊ သုဂတော လောက၀ိဒူ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေ၀မနုဿာနံ။ ဗုဒ္ဓေါ ဘဂ၀ါ တိ။
မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊
သော ပဟီယိဿတိ။


ဘုရားရဲ့ ဂုဏ်တော်ကိုးပါးကို အဖန်ဖန်အောက်မေ့ပြီး နေကြပါ ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း ပျောက်ကင်းသွားကြပါလိမ့်မယ်


နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿ ရေယျာထ၊
သွက္ခာတော ဘဂ၀တာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော၊ ဧဟိပဿိကော သြပနေယျိကော
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ တိ။
ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊
သော ပဟီယိဿတိ။



ဒါမှမဟုတ်လဲ တရားဂုဏ်တော် ခြောက်ပါးကို အကြိမ်ကြိမ် အောက်မေ့ပါ ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း ပျောက်ကင်းသွားကြပါလိမ့်မယ်


နော စေ ဓမ္မံ အနုဿရေယျာထ၊ အထ သံဃံ အနုဿရေယျာထ။
သုပ္ပဋိပန္နော ဘဂ၀ါတော သာဝက သံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝသံ သံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော ပါဟုနေယျော၊ ဒက္ခိဏေယျော အဉ္စလိကရဏီယော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ တိ။
သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော ၀ါ၊
သော ပဟီယိဿတိ။


ဒါမှမဟုတ်ရင်လဲ သဃာ့ဂုဏ်တော်ကိုးပါးကို အကြိမ်ကြိမ်သတိရကြပါ ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း ပျောက်ကင်းသွားကြပါလိမ့်မယ်။


တံ ကိဿဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။ အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊ ၀ီတရာဂေါ ၀ီတဒေါတော ၀ီတမောဟော၊ အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။


အဘယ်ကြောင့်ဆိုသော် ငါဘုရားသည် ရာဂ ဒေါသ မောဟ ကင်းပြီးဖြစ်လို့ ကြောက်ရွံ့ မှု ထိတ်လန့်မှု ကြောက်ပီးထွက်ပြေးမှုများ ငါဘုရားမှာ မဖြစ်နိုင်တော့ဘူး

ဣဒ မဝေါစ ဘဂ၀ါ၊ ဣဒံ ၀တွာန သုဂတော၊ အထာပရံ ဧတဒဝေါစ သတ္ထာ။

ဤသို့မြတ်စွာဘုရား အကျယ်မိန့်တော်မူပြီးခဲ့နောက် အကျဉ်းချုပ်ထပ်မံမိန့်တော်မူသည်မှာ

အရညေ ရုက္ခမူလေ ၀ါ၊ သုညာဂါရေ၀ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။

ရဟန်းတို့ သစ်တစ်ပင် ၀ါးတစ်ပင်အောက် ဆိတ်ငြိမ်ရာအရပ်မှာနေရင် ဗုဒ္ဒါနုသာတိ ကမ္မဌာန်းပွားများပါက ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပါ

နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊

သို့မဟုတ် ဓမ္မာနုသာတိ ကမ္မဌာန်းပွားများပါက ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပါ

နော စေ ဒမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ။ ပုညက္ခတ္တံ အနုတ္တရံ။

သို့မဟုတ် သံဃာနုသာတိ ကမ္မဌာန်းပွားများပါက ကြောက်ရွံ့ ထိတ်လန့်ခြင်း မဖြစ်နိုင်ပါ

ဧ၀ံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊ ဘယံ ၀ါဆမ္ဘိတတ္တံ ၀ါ၊ လောမဟံသော န ဟေဿတိ။

ဆိုခဲ့သည့်အတိုင်း ဗုဒ္ဒါနုသတိ ၊ ဓမ္မာနုသတိ ၊ သံဃာနုသတိ ကမ္မဌာန်းများကို ပွားများအားထုပ်ကြပါက ကြောက်ရွံ့  ခြင်း ၊ ကြက်သီးမွေးညင်းထခြင်း မဖြစ်နိုင်ပါ


ဓဇဂ္ဂသုတ်မြန်မာပြန်