Monday, March 29, 2010

ဗောဇ္ဈင်္ဂသုတ်မြန်မာပြန်

သံသာရေ သံသရန္တာနံ၊ သဗ္ဗဒုက္ခ၀ိနာသနေ။ သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊ မာရ သေနာပမဒ္ဒနေ။

ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားသည် သံသရာခရီးသွား ဒုက္ခသည်များကို ဒုက္ခခပ်သိမ်းကင်းငြိမ်းစေနိုင်သည် ၊ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ဧကန်ဖျက်ဆီးနိုင်သည်

ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊ တိဘ၀ါ မုတ္တ ကုတ္တမာ။ အဇာတိ မဇရာ ဗျာဓိံ၊ အမတံ နိဗ္ဘယံ ဂတာ။

ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားကို သိရှိနားလည်ပါက ဘ၀သုံးပါးမှ လွတ်မြောက်နိုင်ပါသည် ။ မြတ်သော အရိယာပုဂ္ဂိုလ်များ ဖြစ်နိုင်ပါသည် ။ ပဋိသန္ဒေမနေ မအို မနာ မသေရာ နိဗ္ဗာန်ကို ရောက်နိုင်ပါသည်

ဧ၀မာဒိဂုဏူပေတံ၊ အနေကဂုဏသင်္ဂဟံ။ သြသဓဉ္ဇ ဣမံ မန္တံ၊ ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

အို-သူတော်ကောင်းအပေါင်းတို့
အထက်ပါ ဂုဏ်ထူးဝိသေသ စသည်များနှင့်ပြည့်စုံသော နတ်ဆေးဝါး၊ နတ်မန္တရားကဲ့သို့ အစွမ်းထက်သော ဗောဇ္စုင်သုတ်ပရိတ်တော်ကို ပေါင်းစုညီညာစွာ ရွတ်ဆိုကြပါကုန်စို့


ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊ ဓမ္မာနံ ၀ိစယော တထာ။ ၀ီရိယံ ပီတိ ပဿဒ္ဓိ၊ ဗောဇ္ဈင်္ဂါ စ တထာ ပရေ။

၁)သတိသမ္ဗောဇ္စုင်
၂)ဓမ္မ၀ိစယသမ္ဗောဇ္စုင်
၃)၀ီရိယသမ္ဗောဇ္စုင်
၎)ပီတိသမ္ဗောဇ္စုင်
၅)ပသာဒ္ဒိသမ္ဗောဇ္စုင်



သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊ သတ္တေ တေ သဗ္ဗဒဿိနာ။ မုနိနာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟုလီကတာ။

၆)သမာဓိသမ္ဗောဇ္စုင်
၇)ဥပေက္ခာသမ္ဗောဇ္စုင်
ဆိုသော ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားကို မြတ်စွာဘုရားဟောကြားတော်မူခဲ့သည် ။ ထို ဗောဇ္စုင်ခုနှစ်ပါးမြတ်တရားကို အဖန်ဖန်လေ့လာပွားများပါက

သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနယ စ ဗောဓိယာ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁)အဘိညာဉ်ခြောက်ပါးလဲ ရရှိနိုင်ပါသည်
၂)နိဗ္ဗာန်ကိုလဲ ရရှိနိုင်ပါသည်
၃)အရဟတ္တမဂ်ကိုလဲ ရရှိနိုင်ပါသည်
ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ဧကသ္မိံ သမယေ နာထော၊ မောဂ္ဂလ္လာနဉ္စ ကဿပံ။ ဂိလာနေ ဒုက္ခိတေ ဒိသွာ၊ ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။


ရှင်မောဂ္ဂလ္လာန်နှင့် ရှင်မဟာကသပ မထေရ်မြတ်နှစ်ပါး မကျန်းမမာ ဖြစ်တော်မူရာ ဗောဇ္ဈင်္ဂသုတ်ကို မြတ်စွာဘုရား ရွတ်ဆိုတော်မူသည်

တေ စ တံ အဘိနန္ဒိတွာ၊ ရောဂါ မုစ္စိံ သု တင်္ခဏေ။ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ထိုအခါမထေရ်မြတ်နှစ်ပါး ချက်ချင်းကျန်းမာတော်မူကြပါသည် ၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ

ဧကဒါ ဓမ္မရာဇာပိ၊ ဂေလညေနာဘ ဘိ ပီဠိတော။ စုန္ဒတ္ထေရေန တံယေ၀၊ ဘဏာပေတွာန သာဒရံ။

တနေ့သောအခါတွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး မကျန်းမမာဖြစ်တော်မူရာ ဗောဇ္ဈင်္ဂသုတ်ကို စုန္ဒမထေရ် ရွတ်ဆိုတော်မူပါသည်

သမ္မောဒိတွာန အာဗာဓာ၊ တမှာ ၀ုဋ္ဌာသိ ဌာနသော။ ဧတေန သစ္စ ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

မြတ်စွာဘုရား ၀မ်းမြောက်တော်မူပြီး ချက်ချင်းကျန်းမာတော်မူသည် ၊ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ

ပဟီနာ တေ စ အာဗာဓာ၊ တိဏ္ဏန္နမ္ပိ မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊ ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဘုရားရှင်၊ ရှင်မောဂ္ဂလ္လာန်မထေရ် ၊ ရှင်မဟာကသပ မထေရ် ပုဂ္ဂိုလ်မြတ်ကြီးသုံးပါး ရောဂါအားလုံး ကင်းရှင်းတော်မူကြသည် ၊ နောက်ထပ်လဲ ရောဂါဘယများ ဖြစ်တော်မမူကြပါ၊ မဂ်ဖြင့် ကိလေသာကိုပယ်သကဲ့သလို့ ဗောဇ္ဈင်္ဂသုတ်ဖြင့် ရောဂါအားလုံးကို ပယ်နိုင်သည်၊ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ။

ဗောဇ္ဈင်္ဂသုတ်မြန်မာပြန်ပြီး၏