Friday, April 9, 2010

(၁၀)ဌာန (၈) ဌာန လှူဒါန်းပုံ

(၁၀)ဌာန


(၁) မြတ်စွာဘုရား
(၂) အလုံးစုံသော ပစ္စေက ဗုဒ္ဓါအပေါင်း
(၃) ရဟန္တာ မထေရ်မြတ်အပေါင်း
(၄) အရှင်သာရိပုတ္တရာ (လက်ယာတော်ရံ ပညာအရာ အကြီးမြတ်ဆုံး)
(၅) အရှင်မဟာမောဂ္ဂလန် (လက်ဝဲတော်ရံ တန်ခိုးအရာ အကြီးမြတ်ဆုံး)
(၆) အရှင် ဗာကုလ (ကျန်းမာရေးအရာအတွင် အမြတ်ဆုံး)
(၇) အရှင်သီဝလီ (လာလ်လာဘ ပေါများရာတွင် အမြတ်ဆုံး)
(၈) အရှင်ဥပ္ပဂုတ္တ (ဘေးရန်အန္တရယ်အပေါင်းကို နှိမ်နှင်းပယ်ရှားပေးနိုင်ခြင်း)
(၉) အလုံးစုံသော ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း - အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း
(၁၀) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင်နတ်မင်းအပေါင်း -အတွက် မြတ်စွာဘုရားအား ကပ်လှူပေးခြင်း

သောက်ရေဆယ်ခွက်၊ ဆွမ်းဆယ်ပန်းကန်၊ ပန်းဆယ်ပွင့်၊ မျက်နှာသုတ်ပုဝါဆယ်ထည်၊ ဖယောင်းတိုင် ဆယ်တိုင်၊ အမွှေးတိုင် ဆယ်တိုင် စသည်ဖြင့် လှူတန်းနိုင်ပါတယ်။


ဘုရားစင်မှာထားဖို့ အစီအစဉ်ကတော့ -
၁၊ ၉၊ ၁၀၊ ၂
၃ ၄ ၅ ၆ ၇ ၈ ၉
ဆိုပြီး နှစ်တန်း တန်းထားနိုင်ပါတယ်။ ပထမအတန်းက ကိုယ်က ဘုရားလှူတာရယ်၊ ဆရာတော်တွေ နတ်တွေအတွက် ဘုရားလှူပေးတာရယ်၊ ပစ္စေကဗုဒ္ဓါအပေါင်းရယ် ပါ. ဒုတိယအတန်းကတော့ ၇ဟန္တာတွေပေါ့။
အထက်ပါအစီအစဉ်အတိုင်း သောက်တော်ရေခွက်များကို တစ်တန်းတည်းလဲထားနိုင်ပါတယ်။

အကြောင်းကြောင်း အခက်အခဲတွေကြောင့် ဆယ်ခွက်မလုပ်နိုင်ရင်လဲ ၁။ ၉။ ၁၀။ ၃ ဆိုပြီး ငါးခုပဲလည်း လှူတန်းနိုင်ပါတယ်။ ၃ ကိုလှူတန်းချိန်မှာ ရဟန္တာအားလုံးကို စိတ်ထဲက မှန်းပြီးလှူပေါ့။ ထပ်ချုံ့ ချင်ရင်တော့ ၁။ ၂။ ၃ ပေါ့ .... ဘုရား၊ ပစ္စေကဗုဒ္ဓါ နဲ့ ရဟန္တာတွေကို လှူတယ်ပေါ့။ လှူတာက တရားပေါ့။ ဒါဆို ဘုရား၊တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါး ပြည့်စုံသွားတာပေါ့။ ပြီးတော့မှ ၀ိဇ္ဖာဆရာတော်တွေ နတ်တွေကို ကိုယ့်အလှူ အတွက် အမျှအတန်းပေးဝေပေါ့။


(၈)ဌာန
ခုနက ပြောခဲ့တဲ့ (၁၀)ဌာနက ၉ နဲ့ ၁၀ ကို နောက်တစ်ဆင့် အသေးစိတ်လိုက်တဲ့သဘောပါ။ ဆယ်ဌာနလိုတော့ နေ့စဉ်အိမ်မှာအမြဲလှူတန်းဆက်ကပ်ဖို့ထက် ခါကြီးရက်ကြီး၊ မွေးနေ့၊ မင်္ဂလာရက်၊ အိမ်တက် စတဲ့အချိန်တွေမှာ ပင့်ဖိတ်လှူတန်းတာများပါတယ်။ လှူတန်းပုံနှစ်မျိုးရှိပါတယ်။

- ယင်းပုဂ္ဂိုလ်များ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ကိုယ်တိုင်ကိုယ်ကျ ကပ်လှူနိုင်ရင် လှူတန်း ပေးခြင်း။ (သူတို့ စားသုံးရန် လှူတန်းခြင်းမျိုးမဟုတ်။ သူတို့က ဘုရားကို လှူရန် ပေးလှူခြင်းဖြစ်ပါတယ်။)

- ယင်းပုဂ္ဂိုလ်များကို တိုက်ရိုက် ဧည့်ခံလှူတန်းခြင်း


(၈)ဌာနပုဂ္ဂိုလ်များ

(၁) အလုံးစုံသော ရဟန်းဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥပမာ ဘားမဲ့၊ ယက္ကန်းစင်တောင်၊ ရှင်မထီး ...)
(၂) အလုံးစုံသော နတ်ဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း
(၃) အလုံးစုံသော လူဝိဇ္ဇာထိုရ် ဆရာတော်အပေါင်း (ဥမာ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်....)
(၄) ၀ိဇ္ဇာဇော်ဂျီ ဆရာတော်အပေါင်း
(၅) ဘိုးတော်သကြားမင်းနှင့် သာသနာစောင့် နတ်မင်းအပေါင်း
(၆) သူရဿရီမယ်တော်ကြီးနှင့် ဒေ၀ီမယ်တော်အပေါင်း
(၇) ရုက္ခစိုး၊ ဘုမ္မာစိုး၊ အာကာသစိုး နတ်မင်းအပေါင်း
(၈) စင်္ကြာဝဠာ အနန္တရှိ ဗုဒ္ဓဘာသာဝင် နတ်မင်းအပေါင်း

အာရမ္မဏပစ္စယော

အာရမ္မဏပစ္စယောတိ ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စရေန ပစ္စယော။ သဒ္ဒါယသတနံ သောတဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေနပစ္စယော။ ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။ ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။
ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။ ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗယတနံ မနော ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။ သဗ္ဗေဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စေယေန ပစ္စယော။
ယံယံဓမ္မံ အာရဗတ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။


ရူပါရုံသည် စက္ခု ၀ိညာဏ ဓါတ်အားလည်းကောင်း၊ ထိုစက္ခုဝိညာဏဓါတ်နှင့် ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
သဒ္ဒါရုံသည် သေတ္တ ၀ိညာဏ ဓါတ်အားလည်းကောင်း၊ ထိုသေတ္တ၀ိညာဏဓါတ်နှင့် ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
ဂန္ဓာရုံသည် ဃာန၀ိညဏဓါတ်အားလည်းကောင်း ၊ ထို ဃာန၀ိညဏဓါတ်နှင့် ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
ရသာရုံသည် ဇိဝှာဝိညဏဓါတ်အားလည်းကောင်း၊ ထိုဇိဝှာဝိညဏဓါတ်နှင့် ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
ဖောဋ္ဌဗ္ဗရုံသည် ကာယ၀ိညဏဓါတ်အားလည်းကောင်း၊ ထိုကာယ၀ိညဏဓါတ်နှင့် ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံ တို့သည် မနောဓါတ်ကို လည်းကောင်း
ထို မနောဓါတ်နှင့်ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
ခပ်သိမ်းကုန်သော အာရုံ ၆ ပါးပစ္စည်းတရားတို့သည် မနောဝိညဏဓါတ်အားလည်းကောင်း၊ ထိုမနောဝိညဏဓါတ်နှင့် ယှဉ်သော စိတ်၊စေတသိတ်တရားတို့ကို လည်းကောင်း ၊ အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊
အကြင်တရားတို့ကို အကြောင်းပြု၍ အကြင်အကျိုးတရား စိတ်စေတသိတ်တို့သည် ဖြစ်ကုန်၏
ထို အာရုံ ၆ ပါးအကြောင်းတရားတို့သည် ထို စိတ်စေတသိတ်ဟူသော ပစ္စပ္ပန်တရားတကို့အား အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏ ၊