Monday, March 15, 2010

မင်္ဂလာသုတ်မြန်မာပြန်

ယံမင်္ဂလံ ဒွါဒသဟိ
စိန္တယိံသု သဒေ၀ကာ
သောတ္တာနံ နာဓိဂစ္ဆန္တိ
အဌတိံသဉ္စမင်္ဂလံ။


ကြီးပွားချမ်းသာရေးကို အလိုရှိကြသော နတ်လူတို့သည် ၁၂ နှစ်ကြာအောင် မင်္ဂလာတရားအစစ်အမှန်ကို ရှာဖွေခဲ့ကြသော်လည်း ၃၈ ဖြာ မင်္ဂလာတရားတော်အစစ်အမှန်ကို မရရှိခဲ့ကြပါ ၊



ဒေသိတံ ဒေ၀ဒေဝေန
သဗ္ဗပါပ ၀ိနာသနံ
သဗ္ဗလောက ဟိတတ္တာယ
မင်္ဂလံ တံဘဏာမ ဟေ။


မြတ်စွာဘုရားသည် မကောင်းမှုအားလုံးကို ပယ်ဖျောက်နိုင်သော ၃၈ ဖြာ မင်္ဂလာတရားတော်ကို သတ္တ၀ါအားလုံးတို့ ချမ်းသာရေးအတွက် ဟောကြားတော်မူအပ်ပါပြီ ၊ ထိုဘုရားဟော ၃၈ ဖြာ မင်္ဂလာတရားတော်မြတ်ကို ကျွှန်ုပ်တို့ ရွတ်ဆိုကြပါစို့ ။


ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ
ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ
ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။

အရှင်မဟာကဿပဘုရား - တပည့်တော် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဤသို့ကြားနာမှတ်သားလိုက်ရပါသည်
အနာထပိဏ်သူဌေးဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရားသီတင်းသုံးတော်မူခိုက် တစ်ခုသောညဉ့်သန်းခေါင်ယံအတွင်း အမျိုးအမည်မထင်ရှားသော နတ်သားတစ်ပါးသည် ဇေတ၀န်ကျောင်းတော်ကြီးတစ်ခုလုံးကို အလင်းရောင်ပေးလျက် ဘုရားမြတ်စွာအားလာရောက်ဖူးမျှော်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုကာ ဘုရားရှင်အား လျှောက်ထားပါသည်


ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။

မြတ်စွာဘုရား- စီးပွားချမ်းသာကို အလိုရှိကြသော နတ်လူအပေါင်းတို့သည် ၃၈ ဖြာမင်္ဂလာတရားတော်ကို ရှာဖွေခဲ့ကြသော်လည်း မရရှိကြသေးပါ ။ ၃၈ ဖြာ မင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောပြတော်မူပါဘုရား

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။

၁)လူမိုက်များကို မမှီဝဲ မဆည်းကပ်ခြင်း
၂) ပညာရှိ သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း
၃) ပူဇော်ထိုက်သူကို ပူဇော်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာ မည်ပါတယ။်


ပတိရူပဒေသ၀ါသော ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)သင့်တော်သော အရပ်၌နေထိုင်ခြင်း
၂)ရှေးကောင်းမှုရှိခြင်း
၃)မိမိကိုယ်ကို ထိန်းသိန်းစောင့်ရှောက်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာ မည်ပါတယ်။



ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလမုတ္တမံ။

၁)အကြားအမြင် ဗဟုသုတများခြင်း
၂)သိပ္ပအတတ်ကို တတ်ကျွှမ်းခြင်း
၃)ကောင်းသော ကိုယ်ကျင့်တရား ပြောဆိုခြင်း
၎)ကောင်းသော စကားကိုပြောဆိုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။



မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)မိဘနှစ်ပါးကို ပြုစုလုပ်ကျွှေးခြင်း
၂)သားမယားကို ပြုစုထောက်ပံ့ခြင်း
၃)အပြစ်ကင်းသောအလုပ်ကို လုပ်ကိုင်ခြင်း
၎င်းသုံးပါးလဲ မင်္ဂလာမည်ပါတယ်။



ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)လှူဒါန်းပေးကမ်းခြင်း
၂)တရားကျင့်ခြင်း
၃)ဆွေမျိုးများကို ကြည့်ရှုစောင့်ရှောက်ခြင်း
၎)အပြစ်ကင်းသော ကောင်းမှုကိုပြုလုပ်ခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။



အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။


၁)မကောင်းမှုကို မကြံစည်ခြင်း
၂)မကောင်းမှုကိုမပြုလုပ် မပြောဆိုခြင်း
၃)သေရည်သေရက် မသောက်ခြင်း
၎)မမေ့မလျော့သော သတိတရားရှိခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။


ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလမုတ္တမံ။


၁)ရိုသေထိုက်သူများကို ရိုသေခြင်း
၂)မာန်မာန မရှိခြင်း
၃)ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း
၎)သူတစ်ပါးကျေးဇူးကို သိတတ်ခြင်း
၅)အခွင့်ရတိုင်း တရားနာခြင်း
၎င်းငါးပါးလဲ မင်္ဂလာမည်ပါတယ်။



ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)အရာရာမှာ သည်းခံခြင်း
၂)ဆုံးမစကားကို နားထောင်ခြင်း
၃)ရဟန်းသံဃာကို ဖူးမျှော်ခြင်း
၎)အခွင့်ရတိုင်း တရားဆွေးနွေးခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။


တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)ခြိုးခြံစွာကျင့်ခြင်း
၂)မေထုန်မှုကို ရှောင်ရှားခြင်း
၃)သစ္စာလေးပါးကို သိမြင်ခြင်း
၎)နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။


ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။


၁)လောကဓံတရားကြောင့် စိတ်မတုန်လှုပ်ခြင်း
၂)လောကဓံတရားကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်း
၃)ကိလေသာ ကင်းခြင်း
၎)ကြောက်စရာ ဘေးရန်မရှိခြင်း
၎င်းလေးပါးလဲ မင်္ဂလာမည်ပါတယ်။



ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။


အို-နတ်သား ငါဘုရားဟော်ကြားတော်မူခဲ့သော ၃၈ ဖြာမင်္ဂလာတရားတော်များကို လိုက်နာကျင့်သုံးကြတဲ့ သူတော်စင်များဟာ နေရာတိုင်းမှာပင် အောင်မြင်မှုရလာဒ်ကို ရရှိကြပါလိမ့်မယ် ၊ ကြီးပွားချမ်းသာကြပါလိမ့်မယ် ၊ ယခုငါဘုရားဟောကြားတော်မူခဲ့သော၃၈ ဖြာမင်္ဂလာတရားတော်များဟာ ကြီးပွားချမ်းသာချင်တဲ့ သတ္တ၀ါများအတွက် ကောင်းမြတ်တဲ့ မင်္ဂလာတရားအစစ်အမှန်များပင် ဖြစ်ပါတယ် ။


မင်္ဂလာသုတ် မြန်မာပြန် ပြီး၏

38 Mingalas Welfares


၁။ လူဆိုး လူမိုက်တို့ကို မမှီဝဲ မပေါင်းသင်းခြင်း။
1. Not to associate with fools.

၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းခြင်း။
To associate with wise.

၃။ ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း။
3. To honour those-worthy of honour.

၎။ သင့်လျော်သော အရပ် နေခြင်း။
4. To live in suitable region.

၅။ ရှေး ပြုဖူးသော ကောင်းမှုအထူး ရှိခြင်း။
5. To have accumulated on oneself.

၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
6. To be rightly concentrated on oneself.

၇။ အကြား အမြင် များခြင်း။
7. To have immensity of knowledge.

၈။ စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း။
8. To acquire skill in sciences.

၉။ လူ့ကျင့်ဝတ်ကို ကောင်းစွာ သင်ကြား နားလည်ခြင်း။
9. To be well-trained in discipline.

၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
10. To have pleasant speech.

၁၁။ အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း။
11. To serve one’s actions.

၁၂။ ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း။
12. To look after one’s family.

၁၃။ ရှုပ်ထွေးမှု ကင်းလျက် စနစ်တကျ ကြိုးစား စူးစိုက် လုပ်ကိုင်ခြင်း။
13. To be peaceful in one’s action.

၁၄။ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
14. To donate generously.

၁၅။ ကောင်းသော အကျင့်တရားကို ကျင့်ခြင်း။
15. To live the life of Dhamma.

၁၆။ ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း။
16. To help one’s relations.

၁၇။ အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
17. To abstain from immoral livelihood.

၁၈။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ခြင်း။
18. To abstain from evil (mental).

၁၉။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ခြင်း။
19. To abstain from evil (physical).

၂၀။ မူးယစ်သေစာ မသောက်စားခြင်း။
20. To abstain from intoxicants.

၂၁။ ကုသိုလ်တရားတို့ မမေ့မလျော့ခြင်း။
21. To practice Dhamma deligently.

၂၂။ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း။
22. To be respectful.

၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း။
23. To be humble.

၂၄။ တင်းတိမ်ရောင့်ရဲခြင်း။
24. To be content.

၂၅။ သူ့ကျေးဇူးကို သိခြင်း။
25. To be grateful.

၂၆။ သင့်လျော်သောအခါ တရားနာခြင်း။
26. To listen Dhamma at appropriate time.

၂၇။ သည်းခံခြင်း။
27. To be tolerant.

၂၈။ ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း။
28. To be obedient.

၂၉။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း။
29. To see saintly people.

၃၀။ သင့်လျော်သောအခါ တရားစကားဆွေးနွေးမေးမြန်းခြင်း။
30. To discuss Dhamma at appropriate times.

၃၁။ ခြိုးခြံသော အကျင့်ကို ကျင့်ခြင်း။
31. To have ascetic practices.

၃၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
32. To observe celibacy.

၃၃။ သစ္စာလေးပါး တရားကို သိမြင်ခြင်း။
33. To brserve Noble Truths.

၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
34. To realize Nibbana.

၃၅။ လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း။
35. To remain equanimous while coming in contact with visicitudes of life.

၃၆။ ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခ ဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်း။
36. To remain free from sorrow.

၃၇။ လိုချင်တပ်မက်ခြင်း၊ ရာဂ စသော မြူအညစ်အကြေး မရှိခြင်း။
37. To remain free from impurity.

၃၈။ စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း။
38. To remain free from insecurity.

မင်္ဂလာဆိုတာ မင်္ဂလာရှိအောင် နေမှ မင်္ဂလာမည်ပါမည်။