Saturday, October 19, 2013

ပဋိစ္စသမုပ္ပါဒ် နှင့် အဘိဓမ္မာကို နှိုင်းယှဉ် လေ့လာခြင်း မှတ်စု ( အောက်တိုဘာ ၁၂ - အောက်တိုဘာ ၁၅ )

၁) ပဋိစ္စသမုပ္ပါဒ် မိတ်ဆက်
၂) သတ္တ၀ါအစ ဖြစ်လာပုံ
၃) ငါသေရင် ဘာဖြစ်

သင်တန်းတတ်ရသည့် ရည်ရွယ်ချက် ကတော့ ရုပ် ခန္ဓာသိဖို့ တတ်တာ ဖြစ်ပါတယ် 

၁) ပဋိစ္စသမုပ္ပါဒ် မိတ်ဆက်


ပဋိစ္စသမုပ္ပါဒ်ဆိုတာ    -    အကြောင်းကိုစွဲ၍ အကျိုးတရားဖြစ်ပေါ်တာကို ခေါ်ပါတယ်။
၁။    အ၀ိဇ္ဇာဆိုတာ         -    (သစ္စာလေးပါး) မသိတာကို ခေါ်ပါတယ်။ (သိရမှာကိုမသိ၊ မသိရမှာကိုတော့
        သိသည်။)
၂။    သင်္ခါရဆိုတာ         -    ပြုလုပ်တာကို ခေါ်ပါတယ်။
၃။    ၀ိညာဏ်ဆိုတာ      -    (ပဋိသန္ဓေ) စိတ်ကို ခေါ်ပါတယ်။
၎။    နာမ်ရုပ်ဆိုတာ       -    သိတာက နာမ် မသိတာက ရုပ်၊ သွားချင်တာက နာမ် သွားတာက ရုပ်လို့
        ခေါ်ပါတယ်။
၅။    သဠာယတနဆိုတာ    -    အာယတနခြောက်ပါးကို ခေါ်ပါတယ်။ (အာယတနခြောက်ပါးဆိုတာ -
        မျက်စိ၊ နား၊နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို ခေါ်ပါတယ်။)
၆။    ဖဿဆိုတာ       -    တွေ့ထိတာ(ပေါင်းဆုံတာ)ကို ခေါ်ပါတယ်။
၇။    ဝေဒနာဆိုတာ    -    ခံစားတာကို ခေါ်ပါတယ်။
၈။    တဏှာဆိုတာ     -    လိုချင်ရချင်တာ(သာယာတပ်မက်တာ)ကို ခေါ်ပါတယ်။
၉။    ဥပါဒါန်ဆိုတာ    -    စွဲလမ်းတာကို ခေါ်ပါတယ်။
၁၀။  ကမ္မဘ၀ဆိုတာ  -    ပြုလုပ်အားထုတ်တာကို ခေါ်ပါတယ်။
       (ဥပပတ်္တိဘ၀ဆိုတာ -    ရုပ်နာမ်ခန္ဓာတို့ ဖြစ်ပေါ်တာကို ခေါ်ပါတယ်။)
၁၁။    ဇာတိဆိုတာ    -    (ဘ၀သစ်၌ ပထမဦးဆုံးသော) ရုပ်နာမ်ခန္ဓာတို့ ဖြစ်ပေါ်တာကို ခေါ်ပါတယ်။
                                        (ပဋိသန္ဓေတည်နေတာကို ခေါ်ပါတယ်။)
၁၂။    ဇရာ မရဏဆိုတာ    -    အို သေတာကို ခေါ်ပါတယ်။
         (ဇရာ ဆိုတာ - အိုမင်းရင့်ရော်တာကို ခေါ်ပါတယ်။  
          ဗျာဓိဆိုတာ - အနာရောဂါ နှိပ်စက်တာကို ခေါ်ပါတယ်။
          မရဏ ဆိုတာ - သေကြေပျက်စီးတာကို ခေါ်ပါတယ်။
          သောက ဆိုတာ - စိုးရိမ်တာကို ခေါ်ပါတယ်။ 
          ပရိဒေ၀ ဆိုတာ - ငိုကြွေးတာကို ခေါ်ပါတယ်။  
          ဒုက္ခ ဆိုတာ- ကိုယ်ဆင်းရဲတာကို ခေါ်ပါတယ်။   
          ဒေါမနဿ ဆိုတာ - စိတ်ဆင်းရဲတာကို ခေါ်ပါတယ်။  
          ဥပါယာသ ဆိုတာ - စိတ်နှလုံး ပြင်းစွာ ပူလောင်တာကို ခေါ်ပါတယ်။)

  • အ၀ိဇ္ဇာ,သင်္ခါရာ အကြောင်းတရားများကြောင့်၊ ခန္ဓာငါးပါး ရုပ်နာမ်တွယ်။

အ၀ိဇ္ဇာ - မသိတာ
သင်္ခါရာ - အကြောင်း 

မသိတဲ့ အကြောင်းများကြောင့်  ခန္ဓာငါးပါး  ရနေတယ်



ခန္ဓာငါးပါး ဆိုသည်မှာ 

၁ ) ၀ိညာဏ်
၂) နာမ်ရုပ်
၃) သဌာယတန
၎) ဖသ
၅) ဝေဒနာ


မသိမှုတွေနဲ့ ကံသုံပါး ( ကာယကံ ၊ ၀စီကံ ၊ မနောကံ ) တွေကို ကျူးလွန်နေကြတယ် 

သင်္ခါရ အကြောင်း ကံအကြောင်း သစ္စာအကြောင်း မသိလို့ ( ၀ိညာဏ် ၊ နာမ်ရုပ် ၊ သဌာယတန ၊ ဖသ ၊ ဝေဒနာ ) ရနေတယ် ၊ အဲဒါကို ဘ၀ တရား ငါးပါး လို့ခေါ်တယ်

အ၀ိဇ္ဇာ + တဏှာ က ဘ၀ တွေကို ထပ် ခါ ထပ်ခါ ဖန်တီးပီး သံသရာ ကို ထပ် ခါ ထပ်ခါ လည်နေစေတော့တယ် 



ကာမ ကုသိုလ်တွေ ကြောင့် ကာမသုဂတိဘုံ ( ၇ ) ဘုံ ကို ရစေတယ် - လူ့ဘုံ ၁ ဘုံ + နတ်ဘုံ ၆ ဘုံ
အကုသိုလ်ကံကြောင့် အပယ် ( ၄ ) ဘုံ 

ကံ ဆိုသည်မှာ အကျိုးပေးတာ ဖြစ်တယ် ၊ အကျိုး ပေးအောင် ကိလေသာ တွေက ဆောင်ရွက်နေတယ် 

ကိလေသာ ( ၁၀ ) ပါး ရှိပါတယ်

၁) လောဘ= လိုချင်တပ်မက်မှု (ထိုထိုဘ၀ ထိုထိုအာရုံကို လိုလားတပ်မက်မှုသဘော)၊
၂) ဒေါသ= ကြမ်းတမ်းပြစ်မှားမှု (စိတ်ခက်ထန်ကြမ်းတမ်းမှုသဘော၊ ဖျက်ဆီးလိုမှုသဘော)၊ 
၃) မောဟ= အမှန်မသိမြင် မိုက်မဲမှု (အသိမှားမှု၊အမှန်ကို မသိမှုသဘော)၊ 
၎) မာန= ထောင်လွှားတတ်ကြွမှု  (စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော)၊
၅) ဒိဋ္ဌိ= အထင်အမြင် အယူအဆ လွဲမှားမှု (သင်္ခရတရားတို့ကို နိစ္စ အတ္တ သုခ သုဘဟု စွဲလမ်းယုံကြည်ခြင်း သဘော၊ အယူမှားခြင်းသဘော)၊
၆) ဝိစိကိစ္ဆာ= အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု (ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်းသဘော)၊
၇) ထိန= ပျင်းရိ ထိုင်းမှိုင်းလေးလံမှု (စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်းသဘော)၊
၈) ဥဒ္ဓစ္စ= မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု (စိတ်ပျံ့ လွင့်မှုသဘော)၊
၉) အဟိရိက= မကောင်းမှုပြုရန် မရှက်မှု (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်ခြင်းသဘော)၊
၁၀) အနောတ္တပ္ပ= မကောင်းမှုဖြစ်မှာ မကြောက်မှု (အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်ခြင်းသဘော)၊
ဟူ၍ အကျဉ်းအားဖြင့် ၁၀-ပါးရှိသည်


ကိလေသာဟာ အာရုံ ငါး ပါးကြောင့် ဖြစ်လာရတယ် 

အာရုံ ငါးပါး ဆိုသည်မှာ

၁) အဆင်း
၂) အသံ
၃) အနံ့
၎) အရသာ
၅) အတွေ့  တို့ဖြစ်ပါတယ်

နိဗ္ဗန်ကို မြင်ရန် ဒုက္ခ က သစ္စာထိုက်တဲ့  ဒုက္ခ ၃ ပါး

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလမ္ဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။


 ဒုက္ခ  ရ ပါးက တောမထွက်ကတည်းက ဘုရားသိတဲ့  ဒုက္ခ
 ဒုက္ခ  ကျန် ၃ ပါး က ပဋိစ္စသမုပ္ပါဒ် က စတယ်

မြတ်စွာဘုရားက ပြောထားခဲ့ပါတယ်

လူမိုက်တို့သွားရာလမ်း ( ဒုက္စ္ခက္စ္ခ္ခန္ဓ္ဓသ သမုသယော )

အ၀ိဇ္ဇာ ကြောင့် သင်္ခါရ ဖြစ်တယ် ၊ သင်္ခါရ ကြောင့် ၀ိညာဏ်ဖြစ်တယ် ၊ ၀ိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် ၊ နာမ်ရုပ်ကြောင့် သဌာယတနဖြစ်တယ် သဌာယတနကြောင့် ဖသဖြစ်တယ် ၊ ဖသကြောင့် ဝေဒနာဖြစ်တယ် ၊ ဝေဒနာကြောင့် တဏှာဖြစ်တယ် ၊ တဏှာကြောင့် ဥပါဒါန်ဖြစ်တယ် ၊ ဥပါဒါန်ကြောင့် ဘ၀ ( ဥပပတ္တိဘ၀ နှင့် ကမ္ဓ္ဓ္မဘ၀ ) ဖြစ်တယ် ၊ ဇာတိကြောင့် ဇရာ မရဏဖြစ်ပါတယ်

ဘ၀ ၂ မျိုး ရှိတယ် 

၁) ကမ္ဓ္ဓ္မဘ၀ ( ကံ + ဖြစ်တယ် ) - ဇာတိဖြစ်တယ် 
၂) ဥပပတ္တိဘ၀ ( ပဋိသန္ဓေ + ဖြစ်တယ် ) - ဇာတိ ဖြစ်တယ် -   ပဋိသန္ဓေ ဟာ ဇာတိ နဲ့ တူတယ်

 ပဋိသန္ဓေ ( ၄ ) မျိုး ရှိတယ်

၁) သံသေဒဇ - အညှီအဟောက်က ဖြစ်တ
၂) သြပပါတိက - ဘွားကနဲပေါ် နတ် တို့ ghost တို့
၃)အဏ္ဌဇ - ဥကနေဖြစ်
၎)ဇလာဗူဇ - မိခင်ဝမ်းကဖြစ် 

လက်ရှိဖြစ်နေတာအားလုံး သည် ဇာတိ ၊ ဘယ်ကစဖြစ်သလဲ ပဋိသန္ဓေ  ဖြစ်တယ် 

ဖြစ်တာရယ် ၊ ကပ်ဖြစ်တာ မတူဘူး 
ကပ်ဖြစ်တာက - ဥပပတ္တိဘဝ
ရုပ်တွေဖြစ်နေတာ နာမ်နေဖြစ်နေတာ ဖြစ်နေတာအားလုံးက ဇာတိ


ဇာတိကြောင့် ဇရာ ၊ မရဏ  က အမြဲ ဖြစ်တယ်
ဇာတိကြောင့် သာက ၊ ပရိဒေ၀ ၊ ဒုက္ခ ဒေါမနသ တို့က အမြဲမဖြစ်ဘူး ဖြစ်ပါတယ် ( ရဟန္တာ ၊ အနာဂမ် ၊ မြတ်စွာဘုရား ) တို့မှာ မဖြစ်ဘူး



ဒါတွေအားလုံးဟာ ဒုက္ခ အစုတွေဖြစ်နေပါတယ် ၊ အ၀ိဇ္ဇာ လမ်းအတိုင်းသွားနေရင် မိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ် 


လူလိမ္မာတို့ သွားရာလမ်း

အ၀ိဇ္ဇာ ချုပ်လို့ တဏှာသင်္ခါရ ချူပ်ပါသည် ၊ သင်္ခါရ ချူပ်လို့ ၀ိညာဏ်ချူပ်ပါသည် ၊ ၀ိညာဏ်ချူပ်လို့ နာမ်ရုပ်ချူပ်ပါသည် ၊ နာမ်ရုပ်ချူပ်လို့ သဌာယတန ချူပ်ပါသည် ၊ သဌာယတနချူပ်လို့ ဖသချူပ်ပါသည်  ၊ ဖသချူပ်လို့ ဝေဒနာချူပ်ပါသည် ၊ ဝေဒနာ ချူပ်လို့ တဏှာချူပ်ပါသည် ၊ တဏှာချူပ်လို့ ဥပါဒါန်ချုပ်ပါသည် ၊ ဥပါဒါန်ချူပ်လို့ ဘ၀ချူပ်ပါသည် ၊ ဘ၀ချူပ်လို့ ဇာတိချုပ်ပါသည် ၊ ဇာတိချုပ်လို့ ဇရာ မရဏချူပ်ပါသည် ၊ ဇ၇ာ မရဏချူပ်လို့ သာက ၊ ပရိဒေ၀ ၊ ဒုက္ခ ဒေါမနတို့ ချူပ်ပါသည် 

ဒီတရား အားလုံးသည် ဒုက္ခတို့၏ ချူပ်ခြင်း ဖြစ်ပါသည်


အ၀ိဇ္ဇာ - န + ၀ိဇ္ဇာ ( မဟုတ် + သိတာ )


သိတာ မဟုတ်တာ ဆိုတာ မဟုတ်တာတွေ သိနေတာ 

မသိဘူး - ဘာတွေ မသိတာလဲ - အမှန်တရားတွေမသိတာ

မဟုတ်တာတွေသိနေတာ - အမှားတွေသိနေတယ် 

အမှန်ဆိုတာ သမ္မာ/သစ္စာ
အမွားဆိုတာ မိစ ၦာ

အ၀ိဇ္ဇာ ဆိုတာ အမှန်မသိ အမှားသိနေတာ 

အမှန်က ဓမ္မ
အမှားက လောက


 ဓမ္မ ဆိုတာ သဘာဝ
လောကဆိုတာ ဖြစ်ပျက်နေသော အရာအားလုံး

သဘာဝဆိုတဲ့  ဓမ္မ က === ရုပ် နာမ် သဘောတရား
အဲ ရုပ် နာမ်မသိတာ အ၀ိဇ္ဇာ
သိနေတာက လူ နတ် ပုဂ္ဂိုလ် လို့သိနေတာ အဲဒါက အမှား ၊ အမှားကို သိတာက အ၀ိဇ္ဇာတွေ


သင်္ခါရ = သံ + ခါရ = ကောင်းစွာ + ပြုလုပ်နေတာ 
ကောင်းစွာပြုလုပ်နေတာ ၊ အမှားတွေသိပီး အ၀ိဇ္ဇာ တွေကို ကောင်းစွာပြလုပ်နေတယ်

အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရ     - လူမိုက်တို့ သွားရာလမ်း

လုပ်နေတဲ့ ကုသိုလ်တွေက နဗ္ဗါန်လိုချင်လို့ ၊ ဒါပေမယ့် ရုပ် နာမ်တွေ ကလုပ်နေတယ်ဆိုတာ မသိပဲ ငါလုပ်တယ်ဆိုပီးသိနေတာ ၊ ပုဂ္ဂိုလ် သတ္တါဝါ ငါလုပ်တယ်ဆိုတဲ့ အမြင်မှားနဲ့ လုပ်မိလို့ ခန္ဓာ ငါးပါး ရလာတယ် ၊ သင်္ခါရကြောင့် ရတယ်  ၊ ဘယ်လို သင်္ခါရလဲ ၊ သိတဲ့ အသိမှားခဲ့လို့ ခန္ဓာ ရခဲ့တယ် ၊ လူမိုက်ဖြစ်လာတယ် 

အ၀ိဇ္ဇာ က မှားတာ
သင်္ခါရ က သွားတာ
ဝိညာဏ် က ရောက်တာ


အနုသရ ( ရ ) ပါးရှိတယ်

၁) ဒိဌိ
၂) ၀ိစီ
၃)ကာမရာဂ- တဏှာ
၎)မဋိကာ - ဒေါသ
၅)ဘ၀ရာဂါ
၆)မာန
၇)အ၀ိဇ္ဇာ -မောဟ

**** သောတပန် က ၁ + ၂ ကို ပယ် --> အပယ် ၄ ပါးမရောက်ဘူး သုဂတိဘုံ ၇ ဘုံ သွားတယ် 
**** အနာဂမ်က ၃+၄ ကို ပယ် ---> ရူပါဘုံ 
**** အရဟတ္တက ၅+၆+၇ ကိုပယ် ---> နိဗ္ဗာန် 


သင်္ခါရမှာ ကံတမျိုးပဲ အကျိုးပေးတယ် - အဲဒါက  ပဋိသန္ဓေ အကျိုးပေးတဲ့ ကံပဲဖြစ်တယ်
 ကမ္ဓ္ဓ္မဘ၀ က ကံ လေးမျိုး အကျိုးပေးတယ်

ကာမကုသိုလ်ကံ ( ၁၀ ) ပါး

၁) ဒါန
၂) သီလ
၃) ဘာဝနာ
၎) ဝေယျာဝစ္စ
၅) ပတ္တိဒါန
၆) ပတ္တာနာဒါန
၇)  ဓမ္မသာဝနာဒါန
၈)  ဓမ္မဒေသနာဒါန
၉) ဒိဌိဇ ကမ္မ
၁၀) အပစာယန


ဒီကုသိုလ်ကံတွေက မှန်ပါတယ် ဒါပေမယ့် အ၀ိဇ္ဇာ တွေနဲ့ ပြုနေကြတယ် ၊ အဲတော့ ဒိဌိ + တဏှာ တွေနဲ့ ပေါင်းပီး ခန္ဗ္ဓာ ငါးပါးပဲ ရနေတယ် ၊ ခန္ဗ္ဓာ ငါးပါးရတော့ ဘ၀ မချူပ်နိုင်တော့ဘူး သံသရာပဲ ထပ်တလဲလဲ လည်နေပါတော့တယ်


သံသရာလည်ပုံ / ပြတ်ပုံ

မူလနှစ်ဖြာ ၊ သစ္စာနှစ်ခု ၊ လေးခု အလွှာ ၊ အင်္ဂါ တစ်ဆယ့်နှစ်ပါး ၊ တရားကိုယ်များနှင့် ၊ သုံးပါးအစပ် ၊ နှစ်ရပ်မူလ ၊ ၀ဋ်သုံးဝ နှင့် ကာလသုံးဖြာ ၊ ခြင်းရာ နှစ်ဆယ် ၊ ဒီ ရှစ်သွယ်ကို အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်း 




၁။ မူလနှစ်ဖြာ ----- အ၀ိဇ္ဇာနှင့် တဏှာ။
၂။ သစ္စာနှစ်ခု ----- သမုဒယသစ္စာ - ဒုက္ခသစ္စာ။ သမုဒယသစ္စာ - ဒုက္ခသစ္စာ။
၃။ လေးခုအလွှာ ----- အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။ ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၎။ အင်္ဂါတစ်ဆယ့်နှစ်ပါး ----- အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။ သုံးပါးအစပ် ----- သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ် ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
၆။ ၀ဋ်သုံးဝနှင့် 
ကိလေသ၀ဋ် (၃)ပါး ----- အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
ကမ္မ၀ဋ် (၂)ပါး ----- သင်္ခါရနှင့် ကမ္မဘဝ
ဝိပါက၀ဋ် (၈)ပါး ------ ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘဝ
၇။ ကာလသုံးဖြာ
လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ ----- ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘဝ
နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ ----- ဇာတိ , ဇရာမရဏ။
၈။ ခြင်းရာနှစ်ဆယ် ----- အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး ----- ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ -  ပစ္စုပ္ပန်အကြောင်းအခြင်းအရာငါးပါး ------  တဏှာ ၊ ဥပါဒန် ၊ ဘ၀ ၊ အ၀ိဇ္ဇာ ၊ သင်္ခါ ရ  အနာဂတ်အကြောင်းအခြင်းအရာငါးပါး -----  ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ





ကံစိဝံ တံသရီရံ - ဇိဝ နဲ့ သရီရ တူ
ဇိဝအညံ သရိရ - ဇီဝ နဲ့ သရီရ မတူ

ဇီဝ နဲ့ သရီရ တူရင် ခန္စ္ဓာပြတ် ဇီဝ ပြတ်

ဇီဝ ဆိုတာ အသက်လိပ်ပြာ
သရီရ ဆိုတာ ခန္စ္ဓာကိုယ်ကြီး

ဘ၀မှာ အရေးပါတာက ၀ိညာဏ် နာမ်ရုပ်
အဲဒါတွေ ရှင်သန်အောင်လုပ်တာက သဌာယတန ဖသ ဝေဒနာ
ခံစားတာက ဝေဒနာ အာရုံကို ခံစားတယ် ဒွါရကို တောင်းဆိုတယ်
ဒွါရက အဲလိုနဲ့ အမြဲလိုအပ်ချက်တွေ များနေတယ်
အဲ လိုအပ်ချက်တွေကို ကံ စိတ် ဥတု အဟာရက ဖြည့်ပေးရတယ်
ဖြည့်ပေးရတော့ ဘ၀ တိုးတတ်ရာ တိုးတတ်ကြောင်းကို ကံက ဖြည့်ဆည်းပေးနေတယ်

ကံမှာ ကုသိုလ်ကံ နှင့် အကုသိုလ်ကံ ဆိုပီး ရှိနေမယ်

ကောင်းတဲ့ အကျိုးပေးလိုချင်ရင် ကုသိုလ်ကံကိုပဲ မြောင်းသွယ်ပါ
အကုသိုလ်ကံမရောက်အောင် အကာအကွယ် ပေးထားပါ

အဲလိုနေမှ ကောင်းတဲ့ ကုသိုလ်ကံအကျိုးပေးတွေဖြစ်နေမယ်

နောက်တစ်ခုက စိတ်နဲ့ ထောက်ပံ့ရမယ် - ပတ်ဝန်းကျင်က ကိုယ့်ကို တုံ့ ပြန်စေချင်တဲ့ အတိုင်း စိတ်နဲ့ ထောက်ပံ့ ပါ 

ဒွါရ ဆိုတဲ့ လိုအပ်ချက်တွေကို ကံ စိတ် ဥတု အဟာရတွေ နဲ့ ဖြည့်ပေးရတယ်


ဝေဒနာကို တဏှာမဖြစ်အောင် ဘယ်လိုထိန်းချူပ်မလဲ

အ၀ိဇ္ဇာ၊တဏှာ၊ဒိဌိ မပါအောင် ကံတွေပြုရမယ်
အဲတရားတွေမဖြစ်အောင် ကာကွယ်ရမယ်

မျက်စိ ၊ အဆင်း ၊ မြင်စိတ် ၊ ဖသ ၊ ဝေဒနာ ငါးမျိုးကို သဘောကျတာက တဏှာ 
ခန္ဗ္ဓာ ငါးပါးကြောင့် တဏှာတွေဖြစ်မယ်
ခန္ဗ္ဓာ ငါးပါးဟာ မနော မှာလာပေါ်မယ် 

အပြတ်ကို ကောင်းတယ် ထင်ပီး သာယာတာ အဲတဏှာက အမှန်မသိလို့ သာယာတယ် ၊ ခန္ဗ္ဓာ ငါးပါး ပြတ်တာ မသိလို့ သာယာတယ် ၊ သာယာကျိုးမနပ်ဘူး 

အမှန်အတိုင်း မနော က အမှန်အတိုင်းသတင်းပို့ရင် ညဏ် ပေါ်လာတယ် ( သတိ  . သမာဓိ ) တွေပေါ်လာတယ် 
အဲလိုသိမှ တဏှာပေါ်မယ့်အစား ညဏ်ပေါ်လာတယ် 

*** ညဏ်လေးနှင့် ထိန်းချူပ်ပါ ****

အတိတ်တဏှာကို သတ်လို့မရဘူး - ချူပ်ပီးသွားလို့
အနာဂတ်တဏှာကို သတ်လို့မရဘူး - မပေါ်သေးလို့
လက်ရှိတဏှာကို သတ်လို့မရဘူး - ညဏ်ပေါ်လို့ တဏှာမပေါ်ဘူး 

တဏှာကို သတ်သည် ဆိုရာဝယ် ပေါ်လာမယ့် တဏှာကို ညဏ်ဖြင့်သတ်ခြင်းမည်၏

လက်တွေ့မှာတော့ ညဏ်ဖြစ်အောင် ခန္ဗ္ဓာ ငါးပါးသိမှ ဖြစ်မယ် ( သတိပဌာန်ကိန်းပါ )

ခန္ဗ္ဓာ ငါးပါးသိမှ - ညဏ်
ခန္ဗ္ဓာ ငါးပါးမသိရင် - အ၀ိဇ္ဇာ ( မသိတာ ) ၊ ထင်တာက တဏှာ ၊ လူပုဂိုလ်က ဒိဌိ