Wednesday, April 7, 2010

ဟေတုပစ္စယော

၁။ ဟေတုပစ္စယော တိ ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမ္ပယုတ္တကာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

ဟိတိခြောက်ပါးတို့သည် ဟိတ်နှင့်ယှဉ်ကုန်သော စိတ်၊ စေတသိတ်တို့အားလည်းကောင်း ထို ဟိတ်၊ ဟိတ်နှင့်ယှဉ်ကုန်သော စိတ်၊ စေတသိတ်တို့ကြောင့်ဖြစ်ကုန်သော စိတ္တဇရုတ်တရားတို့အား လည်းကောင်း ဟေတုပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်ဖြစ်၏

ပဌာန်းပစ္စယုဒ္ဒေသ

ဟေတုပစ္စယော = ဟိတ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အာရမ္မဏပစ္စယော = အာရုံဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အဓိပတိပစ္စယော = အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အနန္တရပစ္စယော = အခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
သမနန္တရပစ္စယော = ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
သဟဇာတပစ္စယော = တကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အညမညပစ္စယော = အချင်းချင်းအပြန်အလှန်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဥပနိဿယပစ္စယော = အားကြီးသောအကြောင်းပြု၍ ကျေးဇူးပြုတတ်သောတရား
ပုရေဇာတပစ္စယော = ရှေ့ ၌ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အာသေဝနပစ္စယော = အဖန်တလဲလဲမှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ကမ္မပစ္စယော = မျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အာဟာရပစ္စယော = ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဈာနပစ္စယော = ကပ်၍ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
မဂ္ဂပစ္စယော = လမ်းခရီးသဖွယ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
သမ္ပယုတ္တ ပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဝိပ္ပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အတ္ထိပစ္စယော = ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ဝိဂတပစ္စယော = ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား
ပစ္စယုဒ္ဒေသော နိဋ္ဌိတော။
____________________________________________________