Tuesday, March 30, 2010

ပုဗ္ဗဏှသုတ်မြန်မာပြန်

ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ္ဓါနုဘာဝေန ၀ိနသ မေန္တု။


၁)မကောင်းသောအတိတ်နိမိတ်များ
၂)ဌက်ဆိုးတို့၏ မြည်သံတွန်သံများ
၃)မကောင်းသော ဂြိုလ်စီးဂြိုလ်နင်းများ
၎)မကောင်းသောအိမ်မက်များ
ဘုရားတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ


ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဓမ္မာ နုဘာဝေန ၀ိနာသ မေန္တု။

တရားတန်ခိုးတော်ကြောင့်ပျောက်ပျက်ကြပါစေ

ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
သံဃာနုဘာဝေန ၀ိနာသ မေန္တု။

သံဃာတန်ခိုးတော်ကြောင့် ပျောက်ပျက်ကြပါစေ

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။


ဒုက္ခရောက်နေသူများ ဒုက္ခကင်းကြပါစေ
ဘေးရန်တွေ့နေသူများ ဘေးရန်ကင်းကြပါစေ
သောကဖြစ်နေသူများ သောကကင်းကြပါစေ


ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေ၀ါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

အကျန်ုပ်တို့ ပြုလုပ်ဆည်းပူးအပ်သော ပြည့်စုံသော ကောင်းမှုကို လောကီ လောကုတ္တရာချမ်းသာရေးအတွက် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ သာဓုအနုမောဒနာ ခေါ်တော်မူကြပါ

ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေ၀တာ ဂတာ။


သဒ္ဒါတရားဖြင့် အလှူပေးတော်မူကြပါ ၊ သီလဆောက်တည်ကြပါ ၊ ကမ္မဌာန်းဘာဝနာပွားများတော်မူကြပါ ၊ ကြွရောက်လာကြသော သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ ပြန်ကြွနိုင်ကြပါပြီ


သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။


အလုံးစုံသော ဘုရား ပစ္စေကဗုဒ္ဒါ ရဟန္တာအရင်မြတ်တို့၏ တန်ခိုးတော်ဖြင့် အရပ်မျက်နှာတိုင်း အကာအကွယ် အရံအတားပြုလုပ်ထားပါသည်


ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေါ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လူ့ပြည်၊နဂါးပြည်၊ဂဌုန်ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်တို့၌ ရှိရှိသမျှရတနာတို့တွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လူ့ပြည်၊နဂါးပြည်၊ဂဌုန်ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်တို့၌ ရှိရှိသမျှရတနာတို့တွင် တရားရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ယံကိဉ္စ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊ သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။


လူ့ပြည်၊နဂါးပြည်၊ဂဌုန်ပြည်၊နတ်ပြည်၊ဗြဟ္မာပြည်တို့၌ ရှိရှိသမျှရတနာတို့တွင် သံဃာရတနာသည် အမြတ်ဆုံးဖြစ်ပါသည်။ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ


ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ ဗုဒ္ဓါ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


သတ္တ၀ါများ မင်္ဂလာအပေါင်းခညောင်းပါစေ
နတ်များကလည်းစောင့်ရှောက်ပါစေ
ဘုရားတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ


ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ ဓမ္မာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။


သတ္တ၀ါများ မင်္ဂလာအပေါင်းခညောင်းပါစေ
နတ်များကလည်းစောင့်ရှောက်ပါစေ
တရားတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ


ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ။ သဗ္ဗ သံဃာ နုဘာဝေန၊ သဒါ သုခီ ဘ၀န္တု တေ။

သတ္တ၀ါများ မင်္ဂလာအပေါင်းခညောင်းပါစေ
နတ်များကလည်းစောင့်ရှောက်ပါစေ
သံဃာတန်ခိုးတော်ကြောင့် ချမ်းသာကြပါစေ


မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္မောဓိ မုတ္တမံ။
ဧတေန သစ္စ၀ဇ္ဇန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

မဟာဂရုဏာရှင် ဘုရားရှင်သည် သတ္တ၀ါများကို ကယ်တင်ရန် ပါရမီဆယ်ပါးအပြားသုံးဆယ်ကို ဖြည့်ကျင့်တော်မူက ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဤသစ္စာစကားကြောင့် သတ္တ၀ါများ ချမ်းသာကြပါစေ

ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎနော။ ဧ၀မေ၀ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

မဟာဂရုဏာရှင် ဘုရားရှင်သည် မဟာဗောဓိပင်အောက် ပလ္လင်တော်ပေါ်၌ သီတင်းသုံးတော်မူနေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ သတ္တ၀ါများလဲ ဘေးရန်အပေါင်းကို အောင်ကြပါစေ ၊ တနေ့တခြား ဒီရေအလားကဲ့သို့ ကျက်သရေမင်္ဂလာများလဲ တိုးပွားကြပါစေ

အပရာဇိတပလ္လင်္ကေ၊ သီသေ ပုထု ၀ိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။


မြတ်စွာဘုရားသည် အပရာဇိတပလ္လင်တော်ပေါ်၌ ဘုရားဖြစ်တော်မူ၍ ၀မ်းမြောက်တော်မူသကဲ့သို့ သတ္တ၀ါများလဲ လိုလားချက်ပန်းတိုင်ကို ဆိုက်ရောက်ကြ၍ ၀မ်းသာအားရကြည်နူးရွင်ပြနိုင်ကြပါစေ

သုနက္ခတ္ကံ သုမင်္ဂလံ၊ သပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

ကောင်းမြတ်သောအကျင့်ကိုကျင့်နေသူများအဖို့-
၁)အမြဲတမ်းနက္ခက်ကောင်းပါသည်
၂)အမြဲတမ်းကျက်သရေမင်္ဂလာရှိနေပါသည်
၃)အမြဲတမ်းကောင်းသောမိုးလင်းခြင်းရှိပါသည်
၎)အမြဲတမ်းကောင်းသောအိပ်ယာထခြင်းဖြစ်ပါသည်
၅)အမြဲတမ်းကောင်းသောအချိန်အခါဖြစ်ပါသည်
၆)အမြဲတမ်းကောင်းသောပူဇော်ဖြင်းဖြစ်ပါသည်


ပဒက္ခိဏံ ကာယကမ္မံ၊ ၀ါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

သတ္တ၀ါများ သန္တာန်မှာ ကာယကံကုသိုလ်၊ ၀စီကံကုသိုလ် ၊ မနောကံကုသိုလ်များ ဖြစ်ပွားကြပါစေ။ ၄င်းကုသိုလ်များပွားများအောင် ဆောက်တည်ကျင့်သုံးနိုင်ကြပါစေ

ပဒက္ခိဏာနိ ကတွာန၊ လဘန္တတ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ၀ိရုဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗဟိ ဉာတိဘိ။


သပ္ပုရိသနွယ်ဝင် သူတော်စင်များသည် ကာယကံ၊၀စီကံ၊မနောကံကုသိုလ်သုံးပါးကို ကြိုးစားအားလုပ်ကြသဖြင့် ကောင်းကျိုးချမ်းသာများကို ရရှိကြပါစေ၊ ဗုဒ္ဒမြတ်စွာသာသနာတော်တွင် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ကာ သောတပန် ၊ သကဒါဂါမ် ၊ ရဟန္တာအထိ ဖြစ်တော်မူကြပါစေ ။ သပ္ပုရိသနွယ်ဝင် သူတော်စင်များသည် ဆွေမျိုးသားချင်းများနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

ပုဗ္ဗဏှသုတ်မြန်မာပြန်ပြီး၏