Thursday, March 18, 2010

ခန္ဓသုတ်မြန်မာပြန်

သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။
ယံ နာသေတိ ၀ိသံ ဃောရံ၊ သေသဉ္စာပိ ပရိဿယံ။
အာဏာက္ခေတ္တမှိ၊ သဗ္ဗတ္ထ၊သဗ္ဗဒါ သဗ္ဗပါဏိနံ။
သဗ္ဗသောပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။



အို-သူတော်ကောင်းအပေါင်းတို့ -
နတ်ဆေးဝါး နတ်မန္တရားကဲ့သို့ အစွမ်းထက်၍ အဆိပ်ဘေး ၊ ခြင်္သေ့ ၊ သစ် ၊ ကျား စသော သားရဲဘေး ၊ ရောဂါဘယ အမျိုးမျိုးဘေး စသော ဘေးရန်များကို ပျောက်ကင်းပျက်စီးစေနိုင်သော ခန္ဓသုတ်ပရိတ်တော်ကို စုပေါင်းညီညာရွတ်ဆိုကြပါကုန်စို့ ။


ဝိရူပက္ခေဟိ မေ မေတ္တံ။ မေတ္တံ ဧရာပထေဟိ မေ။
ဆဗျာပုတ္တေဟိ မေ မေတံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။



ဝိရူပက္ခနဂါးများ ချမ်းသာကြပါစေ
ဧရာပထနဂါးများ ချမ်းသာကြပါစေ
ဆဗျာပုတ္တနဂါးများ ချမ်းသာကြပါစေ
ကဏှာဂေါတမနဂါးများ ချမ်းသာကြပါစေ။


အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။


ခြေမရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေနှစ်ချောင်းရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေလေးချောင်းရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ
ခြေများစွာရှိသောသတ္တ၀ါများ ချမ်းသာကြပါစေ


မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။


ခြေမရှိသောသတ္တ၀ါများ ၊ ခြေနှစ်ချောင်းရှိသောသတ္တ၀ါများ ၊ ခြေလေးချောင်းရှိသောသတ္တ၀ါများ ၊ ခြေများစွာရှိသောသတ္တ၀ါများ ငါ့ကို မညဉ်းဆဲ မနှိပ်စက်ကြဘဲ မေတ္တာထားနိုင်ကြပါစေ။


သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကောဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဉ္စိ ပါပ မာဂမာ။


သက်ရှိသတ္တ၀ါအားလုံးတို့သည် ကောင်းသောအာရုံကို တွေ့မြင်ကြပါစေ ၊ မကောင်းသောအာရုံများ ကင်းဝေးကြပါစေ။


အပ္ပမာဏော ဗုဒ္ဓေါ၊ အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ ပမာဏာဝန္တာနိ သရီသပါနိ။
အဟိ ၀ိစ္ဆိကာ သတပဒီ၊ ဥဏ္ဏနာဘီ သရဗူ မူသိကာ။


ဘုရား၊ တရား ၊ သံဃာ ရတနာသုံးပါးတို့သည် မနှိုင်းယှဉ်အပ် ၊မြင့်မြတ်တော်မူကြပါပေသည်။ မြွေ ကင်းမြီးကောက် စသော တိရစ္ဆာန်တို့သည် နှိုင်းယှဉ်စရာကိလေသာ ပြည့်ဝယုတ်ညံ့ကြကုန်၏။



ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ၊ ပဋိက္ကမန္တု ဘူတာနိ။ သောဟံ နမော ဘဂ၀တော။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

ငါသည် အစောင့်အရှောက် အရံအတားကို ပြုထားပီးဖြစ်၍ တစ္ဆေ၊ မြေဖုတ် ၊ နတ်ဘီလူး ၊ နတ်မိစ္ဆာများ အဝေးသို့ ထွက်သွားကြကုန် ၊ တပည့်တော်သည် မြတ်စွာဘုရားကို ရှိခိုးပါ၏ ၊ တပည့်တော်သည် ဘုရားခုနှစ်ဆူကို ရှိခိုးပါ၏။

ခန္ဓသုတ်မြန်မာပြန်ပြီး၏