Friday, March 19, 2010

မောရသုတ်မြန်မာပြန်

ပူရေန္တံ ဘောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရယောနိယံ။
ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ၀နေစရာ။

မောရသုတ်တန်ခိုးကြောင့် ဘုရားအလောင်းအလျာ ဥဒေါင်းမင်းကို တောမုဆိုးများနှစ်ရှည်လများ ဖမ်းယူကြသော်လည်း မဖမ်းမိကြပါ။

စိရဿံ ၀ါယမန္တာပိ၊ နေ၀ သက္ခိံသု ဂဏှိတုံ။
ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

အို-သူတော်ကောင်းအပေါင်းတို့ မြတ်သောမန္တန် လို့ ဘုရားဟောခဲ့သော မောရသုတ်ပရိတ်တော်ကို စုပေါင်းညီညာ ရွတ်ဆိုကြပါကုန်စို့ ။


ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ယရိဿ ၀ဏ္ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ဒိဝသံ၊

အရှေ့ အရပ်မှထွက်ပေါ်လာသော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူ၏ ၊ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏ ၊ ရွှေကဲ့သို့ဝါ၀င်းတောက်ပတော်မူ၏ ၊ သင်နေမင်းကို အကျန်ုပ် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ သင်နေမင်းကြီး၏ အစောင့်အရှောက်ကိုခံယူကာ တစ်နေ့လုံးချမ်းသာစွာနေထိုင်ပါမည်။


ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တာယာ၊
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧ သနာ။

မကောင်းမှုအားလုံးကင်းရှင်းတော်မူသော တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ ၊ သစ္စာလေးပါးကို သိမြင်ပီးသော အရိယာပုဂ္ဂိုလ်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ အရဟတ္တ မဂ်ညဏ် ဖိုညဏ် သဗ္ဗညုတညဏ်တော်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ ဤကဲ့သို့ ဘေးရန်အတားအဆီးများကိုပြု၍ ဥဒေါင်းမင်းသည် အစာရှာထွက်လေ့ရှိပါသည်



အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ်ဏော ပထ၀ိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ
ပထ၀ိပ္ပဘာသံ၊ တယာဇ္ဇ ဂုတ္တာ ၀ိဟရေမု ရတ္တိံ။



အနောက်ဘက်တွင် ၀င်လုဆဲဖြစ်သော နေမင်းကြီးသည် သတ္တ၀ါများကို အလင်းရောင်ပေးတော်မူသည်၊ ဧကရာဇ်မင်းကဲ့သို့ တန်ခိုးကြီးတော်မူ၏ ၊ ရွှေကဲ့သို့ဝါ၀င်းတောက်ပတော်မူ၏ ၊ သင်နေမင်းကို အကျန်ုပ် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ သင်နေမင်းကြီး၏ အစောင့်အရှောက်ကိုခံယူကာ တစ်ညလုံးနေထိုင်ပါမည်။


ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဘောဓိယာ။
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသ မကပ္ပယိ။


မကောင်းမှုအားလုံး ကင်းရှင်းတော်မူပြီးသော ၊ တရားအားလုံးကို ထိုးထွင်းသိမြင်တော်မူသော မြတ်စွာဘုရားကို တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ မြတ်စွာဘုရားစောင့်ရှောက်တော်မူပါ ၊ သစ္စာလေးပါးတရားကို သိမြင်ပြီးသော အရိယာပုဂ္ဂိုလ်များ ၊ အာသဝေါတရားကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ အရဟတ္တ မဂ်ညဏ် ဖိုညဏ် သဗ္ဗညုတညဏ်တော်များကိုလည်း တပည့်တော် ဥဒေါင်းမင်း ရှိခိုးပါ၏ ၊ ဤကဲ့သို့ ဘေးရန်အတားအဆီးများကိုပြု၍ ဘုရားလောင်း ဥဒေါင်းမင်းသည် တစ်ညလုံးနေလေ့ရှိပါသည်။


မောရသုတ်မြန်မာပြန်ပြီး၏