Friday, August 17, 2012

စွယ်တော်လေးဆူ ရှိခိုး ဂါထာ


ဒက္ခိဏုပရိမာ ဒေဝေ ၊ နာဂေ ဒက္ခိဏ ဟေဋ္ဌိမာ။
ဝါမုပရိမာ ဂန္ဓာရေ ၊ သီဟဠေ ၀ါမ ဟေဋ္ဌိမာ။
ဗုဒ္ဓဿ စတုရော ဒါဌာ ၊ အဟံ ၀န္ဒာမိ ဒူရတော။


ဒက္ခိဏုပရိမာ= လက်ျာအထက်ဓာတ် စွယ်တော်မြတ်သည်။ ဒေဝေ= နတ်ပြည်၌။ ဌိတာ= တည်တော်မူ၏။
ဒက္ခိဏ ဟေဌိမာ= လက်ျာအောက်ဓာတ် စွယ်တော်မြတ်သည်။ နာဂေ= ဘောဂ၀တီ မည်သီး နဂါးပြည်ကြီး၌။ ဌိတာ= တည်တော်မူ၏။
ဝါမုပရိမာ=လက်ဝဲအထက်ဓာတ် စွယ်တော်မြတ်သည်။ ဂန္ဓာရေ= ဂန္ဓာရမည်သီး တရုတ်ပြည်ကြီး၌။ ဌိတာ= တည်တော်မူ၏။
ဝါမ ဟေဌိမာ= လက်ဝဲအောက်ဓာတ် စွယ်တော်မြတ်သည်။ သီဟဠေ=လင်္ကာဒီပ မည်ရခေါ်ဆို ကျွန်းသီဟိုဠ်၌။ ဌိတာ= တည်တော်မူ၏။
အိတိ= ဤသို့။ ဗုဒ္ဓဿ= မြတ်စွာဘုရား၏။ စတုရော ဒါဌာ= လေးဆူသောဓာတ် စွယ်တော်မြတ်တို့ကို။ အဟံ= အကျွန်ုပ်သည်။ ဒူရတော= အဝေးမှ။ ၀န္ဒာမိ= ရှိခိုးပါ၏ဘုရား။

No comments:

Post a Comment